Healthy Life Ad
Q & A

သားဥအိမ်တွင် ရေအိတ်တည်လျှင် . . .

မေး – သားအိမ်မှာ ရေအိတ်တည်ခြင်းက ကလေးရရှိမှုကို အဟန့်အတားဖြစ်စေ ပါသလားရှင့်။
စောနန်း Fb

# ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည်။

ဖြေ- ကြည့်ရတာ သားအိမ်ဟုတ်ပုံ မရပါဘူး။ သားဥအိမ်ကို မေးတာဖြစ်ပါလိမ့်မယ်။ သားအိမ်မှာ ရေအိတ်ဖြစ်လေ့ မရှိပါဘူး။ သားအိမ်မှာဖြစ်ရင် အသားလုံးပဲ ဖြစ်လေ့ရှိတာပါ။ ရေအိတ်ဖြစ်တယ်ဆိုတာ သားဥအိမ်မှာ ဖြစ်တာပါ။ သားဥအိမ်မှာဖြစ်တဲ့ ရေအိတ်တွေက ပုံစံအများကြီး ရှိပါတယ်။ ဘယ်လို ရေ အိတ်မျိုးလဲဆိုတဲ့အပေါ် မူတည်ပြီး ကလေး ရ၊ မရ ကလည်း ကွဲပြားသွားပါတယ်။

အထူးသဖြင့် PCOS (Polycystic Ovary Syndrome) ဆိုတဲ့ သားဥ အိမ်မှာ ရေအိတ်သေးသေးလေးတွေ အများကြီးတည်တဲ့ ရောဂါဖြစ်ရင် ကလေးရဖို့ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟော်မုန်းမမှန်ဘူး၊ သားဥလေး တွေ မှန်မှန်မကြွေပါဘူး၊ ဝတာ၊ ရာသီမှန်မှန်မလာတာ၊ မျက်နှာမှာ ဝက်ခြံပေါက်တာ၊ နှုတ်ခမ်းမွှေးပေါက်တာ စတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ကလေး ရဖို့ ခက်ခဲပါတယ်။

နောက်တစ်ခုက သားဥအိမ်မှာ ရိုးရိုးရေအိတ်မဟုတ်ဘဲ သွေးအိတ်ရှိရင်လည်း အဲဒါကို နေရာလွဲမှား သားအိမ် အတွင်းသားရောဂါလို့ ခေါ်ပါတယ်။ အဲဒီ ရောဂါရှိရင်လည်း ကလေးရဖို့ ခက်ခဲတတ်ပါတယ်။ တခြားရေအိတ်တွေ အများကြီး ရှိပေမယ့် ကလေးရတာနဲ့ သိပ်မဆိုင်ပါဘူး။

Most Popular

Healthy Life Ad
To Top