Healthy Life Ad
Health Tips

နွေကာလတွင် လိုက်နာသင့်သည့် အသားအရေ ထိန်းနည်းများ

လရိပ်မေ

နွေကာလမှာ အသားအရေက နေလောင်ဒဏ်နဲ့ ရေဓာတ်ခမ်းခြောက်မှု ဒဏ်တွေကြောင့် နွမ်းနယ်ထိခိုက်မနေဘဲ ကြည်လင် တောက်ပ နေစေဖို့ အောက်ပါ အသားအရေ ထိန်းသိမ်းနည်းတွေကို လိုက်နာသင့်ပါတယ်။

(၁) သန့်ရှင်းမှုကို အလေးထားပါ
မျက်နှာမသစ်ခင် လက်တွေကို ဆပ်ပြာ အပျော့ စားနဲ့ အရင်ဆုံး ဆေးကြောလိုက်ပါ။ ညစ်ပတ်နေတဲ့ လက်နဲ့ မျက်နှာကို မပွတ်သပ်မိစေဖို့ သတိထားပါ။

(၂) နေကာခရင်မ်လိမ်းပါ
နွေရာသီမှာ နေကာခရင်မ်လိမ်းပြီးမှ အပြင် သွားသင့်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ဒဏ်က ပြင်းထန်တဲ့အတွက် နေရောင်ခြည်ကြောင့် အသားအရေ နေလောင်ကာ အရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါ တယ်။ ဒါကို ကာကွယ်ဖို့ အပြင်မသွားခင် မိနစ် ၂၀ အလိုကတည်းက နေကာခရင်မ်လိမ်းသွားပါ။

(၃) ရေကို အလုံအလောက် သောက်ပါ
ရေကို အလုံအလောက် သောက်ပြီး ခန္ဓာကိုယ် က ရေဓာတ် ပြည့်ဝနေတာကြောင့် အသားအရေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ဆဲလ်တွေ သစ်လွင်ကာ သွေးလှည့်ပတ်မှုစနစ်ကို တိုးတက်စေ ပါတယ်။ အဲဒီအတွက် အသားအရေ ကြည်လင် တောက်ပစေပါတယ်။

(၄) သံလွင်ဆီ လိမ်းပါ
အသားအရေနဲ့ ဆံပင်ကို သံလွင်ဆီလိမ်းပေးရင် စိုပြည် ကျန်းမာစေပါတယ်။

(၅) လေ့ကျင့်ခန်းကို အသင့်အတင့် လုပ်ဆောင်ပါ
လေ့ကျင့်ခန်းကို အသင့်အတင့် လုပ်ဆောင် တာကြောင့် အသားအရေကို ကျန်းမာစေပါတယ်။ အထူးသဖြင့် အရေပြားဆဲလ်တွေထဲ အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေ ရောက်ရှိစေလို့ပါ။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ မျက်နှာနီမြန်းမှု ဖြစ်တတ်တဲ့အတွက် ပါးပြင်ပေါ် ရေအေးဝတ်ကပ်ပေးပါ။

(၆) နှုတ်ခမ်းနီ ဖျက်ရာမှာ အဆီအခြေခံမိတ်ကပ် ဖျက်ဆေးကို သုံးပါ
အဆီအခြေခံတဲ့ မိတ်ကပ်ဖျက်ဆေးကို သုံးပြီး နှုတ်ခမ်းတစ်ဝိုက်က နှုတ်ခမ်းနီနဲ့ အဆီ အကြွင်းအကျန်တွေကို သန့်စင်ဖယ်ရှားသင့်ပါတယ်။

(၇) လက်ကိုင်ဖုန်းကို သန့်စင်ပါ
လက်ကိုင်ဖုန်းမှာ ကပ်ငြိနေတဲ့ ချွေးပေါက်ပိတ် စေတဲ့ ပိုးမွှားတွေကို တစ်သျှူးအစိုနဲ့ သန့်စင်ပေးပါ၊ ဖြစ်နိုင်ရင် နားကြပ်၊ Bluetooth နဲ့ ဖုန်းပြောပါ။

(၈) အင်တီအောက်ဆီးဒင့် ပါသည့် အစာများစားပါ
အင်တီအောက်ဆီးဒင့် လိုင်ကိုပင်း ပါဝင်မှုများ တဲ့ ခရမ်းချဉ်သီး စားတာကြောင့် အရေပြား ထိခိုက် စေတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ်ကို ကာကွယ်ပေး နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top