Healthy Life Ad
Health Tips

ခရီးသွားတိုင်း ဘေးအန္တရာယ် ကင်းဝေးစေမည့် နည်းလမ်းကောင်းများ

(၁)- အစာမစားခင် လက်ကို သေချာ ဆေးကြောသန့်စင်ပါ။

(၂)- ရေသန့်ကိုသာ သောက်ပါ ဒါမှမဟုတ် ကျိုချက်ထားတဲ့ ရေကို သောက်ပါ။

(၃)- တတ်နိုင်သမျှ ရေခဲမပါတဲ့ အရည်ကို ရွေးချယ် သောက်သုံးပါ။

(၄)- ဘယ်တော့မှ ဘုံဘိုင်ရေနဲ့ သွားမတိုက်ပါနဲ့။

(၅)- အပြင်ထွက်စားတဲ့အခါ ပူပူနွေးနွေးနဲ့ ကောင်းကောင်းချက်ထားတဲ့ အစာတွေကို ရွေးချယ်စားပါ။

(၆)- ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ဆားရေနဲ့ သေချာဆေးကြောပြီးမှ စားသင့်ပါတယ်။

(၇)- အသားတွေကို အမြဲတမ်းကောင်းကောင်း ချက်ပြုတ်စားသောက်ပါ။

(၈)- အပြင်ထွက်ပြီး စားသောက်တဲ့ အခါဖြစ်နိုင်ရင် သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆိုင်ကို ရွေးချယ်ပါ။

Most Popular

Healthy Life Ad
To Top