Healthy Life Ad
Health Tips

နွေကာလတွင် သင့်အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးအား စောင့်ရှောက်နည်း

၁။ နွေနေရှိန်က ပူပြင်းလွန်းတဲ့အတွက် ခွေးတွေကို အရိပ်ရတဲ့ နေရာမှာ ထားပါ။

၂။ အမွေးနည်းတဲ့ ခွေးတွေ၊ အရောင်ဖျော့ဖျော့ အမွေးရှိတဲ့ ခွေးတွေက နေဒဏ်ခံရနိုင်ခြေ အများဆုံး ဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် အဝတ်အစားဝတ်ပေးပါ။

၃။ ခွေးနဲ့အတူ လမ်းလျှောက်ထွက်တာ၊ ဆော့ ကစားတာတွေလုပ်မယ်ဆိုရင် မနက်ခင်း ဒါမှမဟုတ် ညနေခင်းတွေမှာ လုပ်ပေးပါ။

၄။ ရေများများ သောက်ခိုင်းပါ။ ခါတိုင်းနေ့တွေထက် သူတို့သောက်နေကျ ရေခွက်ထဲကို မကြာခဏ ရေ ဖြည့်ပေးပါ။ ရေခဲတုံးလေးတွေ ထည့်ပေးပါ။

၅။ ခွေးတွေမှာ အပူဒဏ်ခံရပြီး ဖြစ်တတ်တဲ့ ဝေဒနာ လက္ခဏာတွေရှိပါတယ်။ အဲဒါတွေက အားနည်း တာ၊ ခွေနေတာ၊ အန်တာ၊ သွားဖုံးနီမြန်းမည်းနက်တာ၊ ခန္ဓာကိုယ်ဟန်ချက ်မထိန်းနိုင်တာ၊ နှလုံးခုန်နှုန်းမြန်တာနဲ့ တက်တာတို့ ဖြစ်ကြပါတယ်။ အဲဒီလို ဝေဒနာတွေ ဖြစ်ပေါ်ရင် တိရစ္ဆာန် အထူးကုဆရာဝန်ဆီ အမြန်ဆုံး သွားပြပေးပါ။

Most Popular

Healthy Life Ad
To Top