Healthy Life Ad
Child

သင့်ကလေးနဲ့ သင့်အချစ်တော်ခွေးလေး တွေ့ဆုံတဲ့အခါ . . .

အိမ်ကို ဆေးရုံကနေ မွေးကင်းစကလေးခေါ်လာတဲ့အခါ စုံတွဲများစွာအတွက် အိမ်နဲ့ ကလေး အဆင်ပြေအောင်ညှိရတာတွေရှိပါတယ်။ အဲဒီအချိန်မှာ သင်တို့မွေးထားတဲ့ အချစ်တော်ခွေးလေး ရှိနေပြီဆိုရင် ကလေးနဲ့ စတင်တွေ့ဆုံချိန်မှာ အဆင်ပြေချောမွေ့အောင် အားထုတ်ရပါဦးမယ်။

သင်ကြားခြင်း

အိမ်ကို ကလေးရောက်မလာခင်မှာ သင့်ခွေးကို အခြေခံ သင်ပြမှုတချို့ သင်ပေးပါ။ ဒါတွေက အပြုအမူကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးအဖြစ် ကလေးနဲ့ အဆင်ပြေစေမှာပါ။

“လာ .. လာ”၊ “ထိုင်”၊ “လှဲ”၊ “အဲဒီမှာ ပဲနေ”

ထိတွေ့မှု

အနံ့အသက်

ခွေးတစ်ကောင်ရဲ့ မူလအာရုံခံစားမှုက အနံ့အသက်ပါ။ ဒီတော့ ကလေးနဲ့ ပတ်သက်တဲ့ အနံ့အသက်ကို အရင်ဆုံး မိတ်ဆက်ပေးရပါမယ်။

– သင့်ကလေးအတွက် ဝယ်လာတဲ့ အသုံးအဆောင်တွေကို သင့်ခွေးကို အနံ့ခံခိုင်းပါ။

– သင့်ကိုယ့်မှာ ကလေးသုံးပစ္စည်း (ဥပမာ ကလေးလိမ်းဆီ၊ ကလေးပေါင်ဒါ) စတာ တွေလိမ်းထားပါ။

– မွေးကင်းစကလေးရောက်မလာခင် ကလေးနဲ့ပတ်သက်တဲ့ အသုံးအဆောင် အနံ့တွေနဲ့ ရင်းနှီးမှုရှိနေပါစေ။

အသံ

ကလေးငိုတဲ့အခါ တစ်ခါမှ မကြားဖူးတဲ့ အိမ်မွေးတိရစ္ဆာန်ခွေးလေးအတွက် စိတ်ဖိစီးမှုဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ကလေးမလာခင်ကတည်းက ဖုန်းထဲမှာ ကလေးငိုသံအသံသွင်းထားပြီး ဖွင့်ပြပေးပါ။ ကလေးအော်သံ၊ ကလေးနဲ့ပတ်သက်တဲ့ အသံတွေကို အသံသွင်းပြီး အချစ်တော်ခွေးကို ဖွင့်ပြပါ။

တွေ့ဆုံခြင်း

– ခွေးကို တည်ငြိမ်အောင် ကျင့်ပေးပါ

ဆေးရုံကနေ ကလေးကို အိမ်ခေါ်လာတဲ့အခါ သင့်ခွေးလေးက ရက်အတော်ကြာတဲ့အထိ စိတ်လှုပ်ရှားနေနိုင်ပါတယ်။ သူ့ကို အရင်ဆုံး မိသားစုဝင်တွေနဲ့ အချိန်ဖြုန်းခိုင်းပြီးမှ ကလေးနဲ့ မိတ်ဆက်ပေးပါ။

– ခွေးနဲ့ ကလေးဆက်သွယ်မှုကြား စောင့်ကြည့်ပေးပါ

ကလေးနဲ့ ခွေးအတူရှိတိုင်း သင်က အနားမှာရှိနေပါစေ။

– ခွေးကို အပြုအမူကောင်းအတွက် ဆုချီးမြှင့်ပါ

ခွေးလေးက ကလေးအနားမှာ စောင့်ရှောက်တဲ့အခါ၊ ကောင်းတဲ့ အပြုအမူလေးတွေ ပြတဲ့အခါမှာ ခွေးလေးကို အစာကျွေးတာလို ဆုချီးမြှင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top