Healthy Life Ad
Health Tips

ပေါင်တံနှင့်တင်ပါး တင်းရင်းသန်စွမ်းစေမည့် လေးမိနစ်လေ့ကျင့်ခန်း

၊ ကိုထက် ၊

အောက်ပါလေ့ကျင့်ခန်းတွေက အချိန်လေးမိနစ်လောက်ပေးရုံနဲ့ ပေါင်တံနဲ့တင်ပါးကို တင်းရင်းသန်စွမ်းလာစေမှာ ဖြစ်ပါတယ်။

ex1

– တံတားပုံစံ လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲလျောင်းပြီး တင်ပါးကို မြှင့်ထားလိုက်ပါ။ ပိုပြီးအစွမ်းထိရောက်စေဖို့ ခြေထောက်တစ်ချောင်းကို မြှင့်လိုက်၊ ၂၅ စက္ကန့်ကြာရင် နောက်တစ်ဖက်ကို မြှင့်လိုက် ပြောင်းလုပ်သင့်ပါတယ်။

ex4

– အလေးမ လေ့ကျင့်ခန်း

အလေးမရှိရင် ရေသန့်ဘူးနှစ်ဘူးကိုင်ပြီး ခြေထောက်နှစ်ချောင်းချဲကာ ရပ်ပါ။ ပြီးရင် အလေးမထားတဲ့လက်နှစ်ဖက်ကို ရှေသို့လွှဲယမ်းလိုက် ပြန်ချလိုက်လုပ်ပေးရမှာ ဖြစ်ပါတယ်။

ex2

– ခြေထောက်လွှဲ လေ့ကျင့်ခန်း

လက်နှစ်ဖက်ကိုဘေးကပ်ထားပြီး ဘယ်ခြေထောက်နဲ့ ညာခြေထောက်ကိုယှက်ပြီး ရှေ့ဘက်ဆတ်ခနဲ သွားလိုက်၊ ပြန်မတ်လိုက်လုပ်ပေးရမှာ ဖြစ်ပါတယ်။

ex3

– ဆောင့်ကြောင့်ထိုင် လေ့ကျင့်ခန်း

ခြေထောက်နှစ်ချောင်းကို ချဲရပ်ပြီး အလေးမထားရင်း ဆောင့်ကြောင့်ထိုင်ပေးရမှာ ဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top