Healthy Life Ad
Health Tips

အိပ်ရာနာဖြစ်ခြင်းအတွက် အိမ်တွင်းကုထုံးများ

၊ လရိပ်မေ ၊

အိပ်ရာနာဖြစ်တယ်ဆိုတာ အိပ်ရာထဲမှာအချိန်ကြာကြာ လှဲနေရတာ ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်နဲ့ အချိန်ကြာကြာထိုင်နေရတာကြောင့် အရေပြားတစ်နေရာတည်း ဖိအားသက်ရောက်ရာက ဖြစ်လာတဲ့အရေပြားအနာကို ဆိုလိုပါတယ်။ အသက်ကြီးသူတွေမှာ မလှုပ်ရှားနိုင်တာ၊ ထိခိုက်ဒဏ်ရာရပြီး အိပ်ရာထဲလှဲနေရတာကြောင့် အိပ်ရာနာဖြစ်နှုန်း မြင့်မားတတ်ပါတယ်။ အိပ်ရာနာဖြစ်တဲ့အခါ နောက်ဆုံးမှာ ကူးစက်ပိုးဝင်တတ်ပါတယ်။ ဒါကြောင့်လူနာရဲ့ နောက်ကျော၊ ဦးခေါင်းနောက်စေ့၊ ပခုံးပြင်၊ လက်ဖျံ၊ ပေါင်အနောက်ဘက်ခြမ်း၊ ခြေသလုံး၊ တင်ပါးနဲ့ ခြေဖနောင့်တွေမှာ အနာဖြစ်တတ်တဲ့အတွက် သတိထားပြီး ကြည့်ရှူဆန်းစစ်ပေးရပါမယ်။ အိပ်ရာနာဖြစ်တဲ့အခါ ဆရာဝန်ညွှန်ကြားချက်မရခင် အိမ်တွင်းကုထုံးအနေနဲ့ လုပ်ဆောင်သင့်တဲ့နည်းလမ်းကောင်းတွေကို အကြံပြုချင်ပါတယ်။

web_salt
– အနာကို ဆားရည်သုံးပြီး သန့်စင်ပါ

အနာဖြစ်တဲ့အခါဆားရည်နဲ့ သန့်စင်ပေးတာက အကောင်းဆုံးသန့်စင်နည်းပါ။ ရေတစ်ခွက်ထဲ ဆားထမင်းစားဇွန်း နှစ်ဇွန်းထည့်ပြီး အိပ်ရာနာကို ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဆေးဆိုင်ကနေ Saline Solution ဝယ်ပြီး အိပ်ရာနာကို သန့်စင်ပေးလို့လည်း ရပါတယ်။

web_onlyspice

– နနွင်းမှုန့်သန့်သန့် ဖြူးပေးပါ

အိပ်ရာနာကိုသန့်စင်ပြီး နနွင်းမှုန့်သန့်သန့် အနည်းငယ်ကိုဖြူးပေးရင် အနာကျက်နှုန်း ကောင်းစေပါတယ်။ နနွင်းမှုန့်ဟာ ပိုးမွှားတွေကိုသေစေတဲ့အပြင် ရောင်ရမ်းမှုကျစေပါတယ်။

web_aloe

– ရှားစောင်းလက်ပပ် လိမ်းပါ

ဗီတာမင်အီးပါဝင်မှုများတဲ့ ရှားစောင်းလက်ပပ်အနှစ်သားကို အိပ်ရာနာပေါ်လိမ်းပေးရင် အနာကျက်နှုန်း မြန်စေပါတယ်။ ရှားစောင်းလက်ပပ် အနှစ်သားကိုယူပြီး အိပ်ရာနာပေါ် ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ ရေခဲသေတ္တာထဲ ရှားစောင်းလက်ပပ်ထည့်ကာ အအေးခံပြီးမှသုံးရင် ပိုပြီးနာကျင်မှု သက်သာစေပါတယ်။

web_harny

– ပျားရည်ဖြင့် ပိုးသန့်စင်ပါ

အိပ်ရာနာကို ပျားရည်လိမ်းပေးရင် ကူးစက်ပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်ရှိတဲ့အပြင် အနာကျက်နှုန်းမြန်ကာ အရေပြားကိုအစိုဓာတ် ထိန်းပေးနိုင်ပါတယ်။

web_coconutoil

– အုန်းဆီလိမ်းပြီး အစိုဓာတ်ထိန်းပါ

အိပ်ရာနာဖြစ်ပြီး အရေပြားထိခိုက်ဒဏ်ရာရတဲ့ နေရာတွေကို အုန်းဆီလိမ်းပြီး အစိုဓာတ်ထိန်းသင့်ပါတယ်။ အုန်းဆီကအရေပြားဆဲလ်တွေကို စိုပြည်စေပြီး ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။ နောက်ကျောအရေပြားမှာ အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးတာကြောင့် သွေးလှည့်ပတ်မှုကောင်းစေပြီး အိပ်ရာနာဖြစ်နှုန်း သက်သာစေပါတယ်။

web_orange

– အစားအသောက်ထဲ ဗီတာမင်စီ များများထည့်ပါ

ဗီတာမင်စီကကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အသားအရေကို ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ အိပ်ရာနာဖြစ်နေသူ ဒါမှမဟုတ် အိပ်ရာနာဖြစ်နိုင်ခြေများသူတွေက ဗီတာမင်စီပါဝင်မှုများတဲ့ အစာတွေကို နေ့စဉ်စားပေးသင့်ပါတယ်။
ဗီတာမင်စီပါဝင်မှုများတဲ့ အကောင်းဆုံးအစာတွေက အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီး၊ သင်္ဘောသီး၊ ကီဝီသီးနဲ့ အချဉ်အရသာရှိတဲ့ သစ်သီးတွေ ဖြစ်ကြပါတယ်။

web_crab

– ဇင့် (သွပ်) ဓာတ် ပါဝင်မှုများသည့်အစာ စားပါ

ဇင ့်(သွပ်) ဓာတ်ကလည်း အိပ်ရာနာဖြစ်နေသူတွေအတွက် အကျိုးပြုအာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဇင့် (သွပ်) ဓာတ်က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး တစ်သျှူးထိခိုက်မှုကို ပြန်လည်ပြုပြင်ပေးနိုင်ကာ အိပ်ရာနာကိုအနာကျက်နှုန်း တိုးစေပါတယ်။
ဇင့် (သွပ်) ဓာတ် ပါဝင်တဲ့ အကောင်းဆုံးအစာတွေက ကမာကောင်၊ ကဏန်း၊ အမဲသား၊ သိုးသား၊ ကြက်သား၊ ရွှေဖရုံစေ့၊ ပဲသီး၊ မှို၊ အခွံမာသီးနဲ့ အစေ့အဆန်တွေ ဖြစ်ကြပါတယ်။

– ခန္ဓာကိုယ်အနေအထားကို ပုံမှန်ပြောင်းပေးပါ

အိပ်ရာထဲလှဲနေရသူတွေ ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်မှာ ထိုင်နေရသူတွေကို ခန္ဓာကိုယ်ကို ဘယ်ညာစောင်းပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ အဲဒီလိုလုပ်ပေးတာက နောက်ကျောတစ်နေရာတည်း ပွတ်တိုက်မှုဖြစ်တာ ဒါမှမဟုတ် ဖိအားသက်ရောက်မှုရှိတာတို့ကို သက်သာစေပါတယ်။ လှဲလျောင်းနေချိန်မှာ ခန္ဓာကိုယ်ရဲ့အနေအထားကို ၂ – ၃ နာရီကြာတိုင်း ပြောင်းပေးသင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top