Healthy Life Ad
Q & A

ဂေါက်အဆစ်ရောင်ရောဂါရှိရင် ပဲပင်ပေါက်စားလို့ ရသလား . .

မေး – ဂေါက်အဆစ်ရောင် ရောဂါရှိရင် ဘယ်လို အစာ တွေကို ရှောင်သင့်ပါသလဲ။ ပဲပင်ပေါက် မစားရဘူးလို့ ပြောကြလို့ပါ၊ မှန်ပါသလားခင်ဗျာ။
….. ဦးမြင့်၊ ကမာရွတ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှဖြေကြားသည် ၊

ဖြေ – မှို၊ မျှစ်၊ တိရစ္ဆာန်ကလီစာ၊ စတော်ဘယ်ရီ စတာ တွေကို အဓိက ရှောင်ရပါမယ်။ ဘီယာရှောင်ရပါမယ်။ ဟင်းအနှစ်များတဲ့ အစာတွေ ရှောင်ရပါမယ်။ တချို့လူတွေပြောတဲ့ အာလူး၊ ကန်စွန်းဥ စတာတွေ လုံးဝ ရှောင်စရာ မလိုပါဘူး၊ ပဲပင်ပေါက် လုံးဝ ရှောင်စရာ မလိုပါဘူး၊ ခရမ်းချဉ်သီး စားမယ်ဆိုရင် အစေ့ထုတ်ပြီး စားလို့ရပါတယ်။

အဓိက ရှောင်သင့်တာက ယူရစ်အက်ဆစ် များစေတဲ့ မှို၊ မျှစ်၊ တိရစ္ဆာန်ကလီစာ(အသည်း၊ အမြစ် စတာတွေ)၊ စတော်ဘယ်ရီ၊ ဘီယာနဲ့ ဟင်းအနှစ်တွေ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top