Healthy Life Ad
Health Tips

သင့်နို့သီးခေါင်း သဘာဝကျကျ ပန်းရောင်သမ်းနေစေရန်

ဇွန်

မျိုးရိုးလိုက်တာ၊ အသက်ကြီးတာ စတာတွေ အပြင် နို့သီးခေါင်းကို အရောင်ရင့်စေတဲ့ တခြား အခြေအနေတွေ ရှိပါတယ်။ မှီဝဲနေရတဲ့ ဆေးတချို့ကလည်း နို့သီးခေါင်းကို အရောင်ရင့်စေနိုင်ပါတယ်။ နို့သီးခေါင်းကို ပန်းရောင်သမ်းသွားစေဖို့ သဘာဝ နည်းတွေနဲ့ ပြုပြင်နိုင်ပါတယ်။

– သံပရိုရည်
25b
နို့သီးခေါင်းပေါ်ကို စစ်ထရစ် အက်ဆစ်ပါဝင်တဲ့ သံပရိုရည်လိမ်းပေးပါ။ ဗီတာမင်စီပါဝင်တဲ့အတွက် ထိခိုက်သွားတဲ့ အရေပြားဆဲလ်ကို ပြန်လည်ပြုပြင် အားဖြည့်ပေးပါတယ်။

– လိမ္မော်ရည်
25d
နို့သီးခေါင်းကို သံပရိုရည်လိမ်းပေးတာကြောင့် ဖြစ်ပေါ်တဲ့ စပ်ဖျဉ်းဖျဉ်း ခံစားချက်ကို မခံစားနိုင်ဘူးလား။ လိမ္မော်ရည်ကို အစားထိုး လိမ်းလိုက်ပါ။

– သင်္ဘောသီး
26e
ကြိတ်ချေထားတဲ့ သင်္ဘောသီးမှာ ဗီတာမင်စီ ပါဝင်တဲ့အတွက် နို့သီးခေါင်းပေါ် လိမ်းပေးရင် အရောင်ဖျော့ သွားစေပါတယ်။

– ထောပတ်သီး
25g
ထောပတ်သီးကို ကြိတ်ချေပြီး နို့သီးခေါင်းပေါ် လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာမှ ရေနဲ့ ဆေး ကြောပေးရမှာပါ။ ဗီတာမင်စီနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ ပါဝင်တဲ့ ထောပတ်သီး လိမ်းတာကြောင့် နို့သီးခေါင်း အရောင်ဖျော့သွားစေပါတယ်။

– သခွားသီး
C-_Users_User_Desktop_25c
သခွားသီးစိတ် ကပ်ပေးတာကြောင့် မျက်လုံး ဖောင်းအစ်မှု လျော့ပါးစေတဲ့အပြင် နို့သီးခေါင်းမှာ ကပ်ပေးတာကြောင့် အမည်းရောင် လျော့သွားစေပါတယ်။ နို့သီးခေါင်းတစ်ဝိုက် သခွားသီးစိတ်ကပ်ပြီး နှိပ်နယ်ပေးတာကြောင့် နို့သီးခေါင်းဆီ သွေးစီးဆင်းမှု အားကောင်းပြီး အာဟာရဓာတ် ရောက်ရှိသွားလို့ပါ။

– နွားနို့
milk
နို့သီးခေါင်းပေါ်မှာ နွားနို့ ပုံမှန် လိမ်းပေးတာကြောင့် နို့သီးခေါင်းအရောင်က ချက်ချင်း ပြောင်းလဲ သွားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ နွားနို့မှာ ပါတဲ့ လက်တစ်အက်ဆစ်က နို့သီးခေါင်းအရောင်ကို လင်းလက် တောက်ပသွားစေပါတယ်။

– အုန်းဆီ
a3
နို့သီးခေါင်းထိပ်က ခြောက်သွေ့လွန်းလေလေ အရောင်ပိုရင့်လေလေပါ။ နို့သီးခေါင်းထိပ်မှာ အုန်းဆီ အစက်အနည်းငယ် လိမ်းပြီး နှိပ်နယ်ပေးပါ။ အဲဒီလို နှိပ်ပေးတာကြောင့် နို့သီးခေါင်းဆီ သွေးလှည့်ပတ်မှု အားကောင်းစေပြီး အာဟာရဓာတ် ရောက်ရှိစေပါ တယ်။

– နွယ်ချို
26f
နွယ်ချိုအမှုန့်ကို ရေပူနဲ့ ရောပြီး စေးပျစ်အောင် ဖျော်ကာ နို့သီးခေါင်းပေါ် သုတ်လိမ်းလိုက်ပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top