Healthy Life Ad
Health Tips

နို့သီးခေါင်း သဘာဝအတိုင်း ပန်းနုရောင်သမ်းလာစေမည့် နည်းများ

———၊ လရိပ်မေ ၊———

မျိုးရိုးလိုက်ခြင်းနဲ့ အသက်အရွယ်တွေထက် တခြားအကြောင်းတွေက နို့သီးခေါင်းကို အရောင်ရင့်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီလာချိန်နဲ့ ကိုယ်ဝန်ရှိချိန်တွေဆိုရင် ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး နို့သီးခေါင်း အရောင်ရင့်နိုင်ပါတယ်။ တချို့ဆေးဝါးတွေကလည်း နို့သီးခေါင်း အရောင်ရင့်စေနိုင်ပါတယ်။ ကံကောင်းစွာနဲ့ နို့သီးခေါင်းအရောင်ကို သဘာဝကျကျ ပန်းနုရောင်သမ်းလာစေမယ့် သဘာဝနည်းတွေ ရှိနေပါတယ်။

နည်းလမ်း (၁) သံပရာရည်

နို့သီးခေါင်းမှာ သံပရာရည်သုတ်လိမ်းပေးတာက အချိန်မကျခင်မှာ သိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ သံပရာရည်မှာ စစ်ထရစ်အက်စစ်ပါဝင်တာကြောင့် သဘာဝကြေးချွတ်အစွမ်း ရှိနေပါတယ်။ သံပရာရည်မှာ ဗီတာမင်စီပါတဲ့အတွက် ဆဲလ်သေတွေကို ပြန်လည်ပြုပြင်အားဖြည့်ပေးကာ နို့သီးခေါင်းကို ပုံကျကြည့်ကောင်းစေပါလိမ့်မယ်။

နည်းလမ်း (၂) လိမ္မော်ရည်

လိမ္မော်ရည်ကို နို့သီးခေါင်းမှာ လိမ်းပေးတာကလည်း ပန်းရောင်သမ်းစေပါတယ်။

နည်းလမ်း (၃) ကြိတ်ချေထားသည့် သင်္ဘောသီးအရည်

သင်္ဘောသီးကို ကြိတ်ချေပြီး နို့သီးခေါင်းမှာ သုတ်လိမ်းပေးပါ။ သင်္ဘောသီးမှာ ဗီတာမင်စီပါဝင်မှု များတာကြောင့် တခြားကျိန်းစပ်တာတွေ မဖြစ်စေဘဲ နို့သီးခေါင်းအရောင်မည်းတာ လျော့စေမှာပါ။

နည်းလမ်း (၄) ကြိတ်ချေထားသည့် ထောပတ်သီးအနှစ်

ထောပတ်သီးအနှစ် နည်းနည်းယူပြီး နို့သီးခေါင်းထိပ်မှာ များများလိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီးမှ ရေနဲ့ဆေးချလိုက်ရင် ဗီတာမင်စီနဲ့ ကောင်းတဲ့အဆီဓာတ် စုပ်ယူရရှိစေပါတယ်။

နည်းလမ်း (၅) သခွားသီးစိတ်

သခွားသီးစိတ်ကို မျက်အိတ်ဖောင်းတဲ့အခါ ကပ်သလိုပဲ နို့သီးခေါင်းမှာလည်း ကပ်ပေးနိုင်ပါတယ်။ ပြီးရင် ညင်ညင်သာသာ နှိပ်နယ်ပေးပါ၊ နို့သီးခေါင်းထဲ သွေးလှည့်ပတ်မှုကောင်းပြီး ပန်းနုရောင်သမ်းလာပါလိမ့်မယ်။

နည်းလမ်း (၆) နွားနို့

နို့သီးခေါင်းမှာ နွားနို့လိမ်းပေးတာကလည်း နည်းလမ်းကောင်းပါ။ နွားနို့မှာပါတဲ့ လက်တစ်အက်စစ်က နို့သီးခေါင်းအရောင် ဖျော့စေလို့ပါပဲ။

နည်းလမ်း (၇) အုန်းဆီ

အုန်းဆီစစ်စစ်ကို နို့သီးခေါင်းထိပ်မှာ သုတ်လိမ်းပြီး ညင်ညင်သာသာ နှိပ်ပေးရပါမယ်။ နှိပ်တဲ့အစွမ်းက သွေးလှည့်ပတ်မှုကောင်းစေပြီး နို့သီးခေါင်းဆီ အာဟာရဓာတ်ရရှိစေကာ ပန်းနုရောင်သမ်းစေမှာပါ။

သတိပြုရန်

ဒီအိမ်တွင်းနည်းတွေကို အလွန်အမင်း လုပ်ဖန်များရင် နို့သီးခေါင်းပွန်းပဲ့ကျိန်းစပ်တာနဲ့ အရောင်ပိုရင့်တာကို ဖြစ်စေနိုင်တာကို သတိထားရပါမယ်။

Most Popular

Healthy Life Ad
To Top