Healthy Life Ad
Health Tips

ငရုတ်ပွသီးအမှည့်၏ ကျန်းမာရေးကောင်းကျိုးများ

၊ လရိပ်မေ ၊

တကယ်တော့ အစိမ်းရောင်ငရုတ်သီးက မမှည့်သေးတဲ့ အမျိုးအစားဖြစ်ပြီး မှည့်ပြီး အနီရောင်သမ်းသွားတဲ့ ငရုတ်သီးထက် ဗီတာမင်စီက ထက်ဝက်ပဲပါဝင်ပါတယ်၊ ဗီတာမင်အေကလည်း ၁၀ ပုံတစ်ပုံပဲ ပါဝင်ပါတယ်။

– အမြင်အာရုံ ကျန်းမာစေခြင်း
ငရုတ်သီးမှည့်မှာ ဗီတာမင်အေပါဝင်မှုများတာကြောင့် မျက်စိကျန်းမာစေပြီး အထူးသဖြင့် ညဘက်မျက်စိအမြင်အာရုံ ကောင်းစေပါတယ်။

– ကယ်လိုရီ လောင်ကျွမ်းမှုရှိခြင်း
ငရုတ်သီးမှည့်စားတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို မြင့်တက်စေမှုမရှိဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို တိုးစေပါတယ်။

– နေ့စဉ် ဗီတာမင်စီ ၃၀ဝ ရာခိုင်နှုန်းရရှိခြင်း
အစွမ်းထက် အင်တီအောက်ဆီးဒင့် ဗီတာမင်စီပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ သင့်အနေနဲ့ သံဓာတ်ချို့တဲ့နေရင် သံဓာတ်ပါဝင်မှုများတဲ့ဟင်းနုနယ်ရွက်၊ အနီရောင် အသား စတာတွေနဲ့ ငရုတ်သီးမှည့်ကို တွဲဖက်စားပေးသင့်ပါတယ်။

– အင်တီအောက်ဆီးဒင့် ပါဝင်မှုများခြင်း
ငရုတ်သီးမှည့်မှာ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပေါင်းစပ်ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် အစွမ်း မြင့်တက်စေပါတယ်။ လိုင်ကိုပင်းပါဝင်မှုများတဲ့အတွက် ဆီးကျိတ်နဲ့ အဆုတ်အပါအဝင် ကင်ဆာရောဂါ အများစုကို မဖြစ်အောင် ကာကွယ်ဟန့်တားနိုင်စွမ်းရှိပါတယ်။

– ဗီတာမင် B6 နှင့် မဂ္ဂနီဆီယမ် ပါဝင်မှုများခြင်း
ငရုတ်သီးမှည့်မှာ ဗီတာမင် B6 နဲ့ မဂ္ဂနီဆီယမ်တွေ ပေါင်းစပ်ပါဝင်တာကြောင့် သွေးဆုံး အကြိုဝေဒနာ လက္ခဏာတွေနဲ့ ဆက်စပ်နေတဲ့ ပူပင်သောကများတာကို လျော့ကျစေပါတယ်။ ဗီတာမင် B6 က သဘာဝ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် လေပွတာကို လျော့ပါးသက်သာစေပြီး သွေးတိုးတဲ့ ဝေဒနာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။

(Ref;TOI)

Most Popular

Healthy Life Ad
To Top