Healthy Life Ad
Life Style

အရက် သတ်မှတ်ထားသည့်ပမာဏထက် သောက်သုံးလျှင် ဖြစ်တတ်သည့်ရောဂါများ

၊ မိုးမင်းထွန်း ၊

ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ရေး အချက်အလက်စင်တာ (Health and Social Care Information Centre (HSCIC)) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ယောက်အတွက် တစ်ပတ်အယ်လကိုဟော ယူနစ် ၁၄ ယူနစ်နှင့် အမျိုးသားများအတွက် တစ်ပတ်အယ်လကိုဟော ယူနစ် ၂၁ ယူနစ်သာ သောက်သုံးရန်သတ်မှတ်ထားပါသည်။ ၁ ယူနစ်သည် ဝီစကီ ၂၅ မီလီလီတာ သို့မဟုတ် စည်ဘီယာ ၁ ခွက် သို့မဟုတ် ဝိုင် ၁၇၅ မီလီလီတာ ဖန်ခွက်၏ တစ်ဝက်နှင့်ညီမျှသည်။

– မျိုးမအောင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျမှု

– အမျိုးသား
ကျားဟော်မုန်းပမာဏလျော့ကျစေခြင်း၊ ကာမဆန္ဒလျော့နည်းခြင်း၊ ဝှေးစေ့ကို အဆိပ်အတောက်ဖြစ်စေပြီး သုက်ပိုးများ၏ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေခြင်း၊ အလွန်အကျွံသောက်သုံးလျှင် ဝှေးစေ့ကျုံ့ခြင်းဖြစ်ပါ်ပြီး ပန်းသေခြင်း၊ ရင်သားကြီးထွားခြင်းနှင့် ခန္ဓာကိုယ်အမွှေးကျဲပါးစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

– အမျိုးသမီး
မျိုးပွားမှုလျော့ကျစေခြင်း၊ မျိုးပွားမှုဖြစ်ပေါ်စေသော ဟော်မုန်းမညီမျှမှုဖြစ်ပေါ်စေခြင်း၊ အလွန်အကျွံ သောက်သုံးလျှင် ပုံမှန်မဟုတ်သော ရာသီလာခြင်းများ၊ သားဥကြွေရပ်တန့်ခြင်းများ၊ အချိန်စောစွာ သွေးဆုံးခြင်းများနှင့် ကိုယ်ဝန်ပျက်ကျမှုများကို ဖြစ်ပေါ်စေနိုင်သည်။

– ပါးစပ်၊ လည်ချောင်း၊ အစာရေမျိုပြွန်၊ အသည်း၊ အူသိမ်အူမနှင့် ရင်သားကင်ဆာများ
အရက်၊ ဝိုင်၊ ဘီယာပုံစံမျိုးစုံရှိသော အယ်လ်ကိုဟောသည် နောက်ဆုံးတွင် သူတို့၏အခြေခံပုံစံဖြစ်သော အီသနောဓာတ်သို့ ပြိုကွဲသွားသည်။ အီသနောဓာတ်သည် အသည်းအတွင်းမှာ ပြိုကွဲသောအခါ Acetaldehyde ခေါ်သော အဆိပ်အတောက်ပစ္စည်းကို ထုတ်လုပ်ပေးသည်။ Acetaldehyde သည် ဆဲလ်များ၏ DNA ကို ပျက်စီးစေသည်။ ထိုပျက်စီးမှုသည် ဆဲလ်များကို ကင်ဆာဖြစ်စေရန် တွန်းအားပေးသည်။

အယ်လ်ကိုဟောသည် အခြားဓာတုပစ္စည်းများနှင့် ဓာတ်ပြုပြီး ကင်ဆာကိုဖြစ်ပွားစေသည်။ ဥပမာဆေးလိပ်သောက်သုံးခြင်းကြောင့် နီကိုတင်းဓာတ်သည် ပျော်ဝင်ပစ္စည်းအဖြစ်ပါဝင်ပြီး အယ်လ် ကိုဟောကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူအောင်တွန်းအားပေးပြီး ဆဲလ်များကို ပိုမိုပျက်စီးစေပါသည်။ အလွန်အကျွံသောက်သုံးသော အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားသည်။ အယ်လ်ကိုဟောသည် ခန္ဓာကိုယ်အတွင်းမှ ဗီတာမင်နှင့် ဓာတ်ပစ္စည်းပမာဏများကို ပြောင်းလဲစေပြီး ဖောလစ်အက်ဆစ်ပမာဏကိုလျော့ကျစေကာ အူမကြီးကင်ဆာကို ဖြစ်ပွားစေသည်။

– အသည်းထိခိုက်မှု
အယ်လ်ကိုဟောမှာ အဆီပါဝင်မှုနှုန်းမြင့်မားပြီး ထောပတ်ကဲ့သို့ ကယ်လိုရီပါဝင်မှု တူညီပါသည်။ အယ်လ်ကိုဟောသည် အသည်းဆဲလ်များအတွင်းတွင် အဆီအဖြစ်ပြိုကွဲပြီး ပုံမှန်သောက်သုံးသူများကို အသည်းအဆီဖုံးစေကာ အသည်းကင်ဆာဖြစ်ပွားမှုသို့ ဦးတည်စေပါသည်။

– အဆုတ်ပိုးဝင်ခြင်းများ
အရက်သောက်သုံးသူများသည် အာဟာရဓာတ်ချို့တဲ့၍ ကိုယ်ခံအားစနစ်အားနည်းမှုကြောင့် အဆုတ်ပိုးဝင်ခြင်းများနှင့် နမိုးနယားကဲ့သို့ ရောဂါများကို အလွယ်တကူ ကူးစက်စေနိုင်ပါသည်။

– အရေပြားပြဿနာများ
အရက်သောက်သုံးမှုကြောင့် ရေဓာတ်ကို ခမ်းခြောက်စေကာ ရုပ်ရင့်ခြင်း၊ အသားအရေခြောက်သွေ့ခြင်းနှင့် ဆံပင်သားပျက်စီးမှုတို့ကို ဖြစ်ပွားစေသည်။

– ဦးနှောက်ထိခိုက်မှု
အရက်ပုံမှန်သောက်သုံးခြင်းကြောင့် စိတ်ဓာတ်ကျမှု၊ စိုးရိမ်ပူပန်မှုနှင့် အခြားစိတ်ကျန်းမာရေး ပြသနာများကို ဖြစ်ပွားစေသည်။ မိမိကိုယ်ကိုယ် သတ်သေခြင်း၏ ၃ ပုံ ၁ ပုံ သည် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်သည်။

– ကျောက်ကပ်ရောဂါ
အရက်သောက်သုံးခြင်းကြောင့် ကျောက်ကပ် ရောဂါဖြစ်နိုင်ခြေ နှစ်ဆမြင့်တက်စေပါသည်။ ကျောက်ကပ်များသည် သွေးမှအဆိပ်အတောက်များနှင့် အညစ်အကြေးပစ္စည်းများကို စစ်ထုတ်ပေးပါသည်။ သို့သော် အယ်လ်ကိုဟောသည် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာကို ပျက်ယွင်းစေသည်။ ကျာက်ကပ်သည် ခန္ဓာကိုယ်၏ ရေပမာဏကို ထိန်းသိမ်းပေးပြီး အယ်လကိုဟောက ရေဓာတ်ခမ်း ခြောက်စေပါသည်။ အယ်လ်ကိုဟောသည် သွေးတိုးမှုကိုဖြစ်ပေါ်စေပြီး သွေးတိုးမှုက ကျောက်ကပ်ရောဂါ ဖြစ်မှု၏ ပင်မအကြောင်းရင်းဖြစ်ပါသည်။

– ပန်ကရိယရောင်ရမ်းမှု
ပန်ကရိယသည် အစာချေဖျက်ရန် သေးငယ်သောအူများသို့ အင်ဇိုင်းများကို ပို့ပေးပါသည်။ အယ်လ်ကိုဟောသည် ဒီဖြစ်စဉ်ကိုဖျက်ဆီး၍ ပန်ကရိယအိတ်က အင်ဇိုင်းများကို သူ့အတွင်းပိုင်း၌ စွန့် ထုတ်ခြင်းကိုဖြစ်ပေါ်စေပါသည်။ အင်ဇိုင်းများ၏ ဖွဲ့စည်းမှုသည် တစ်သျှူးများနှင့် သွေးကြောရောင်ရမ်းမှုကို ဖြစ်ပေါ်စေပြီး ဝမ်းဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အဖျားရောဂါတို့ကို ဖြစ်ပေါ်စေသည်။

– အရိုးအားနည်းခြင်း
အယ်လ်ကိုဟောသည် အရိုးတည်ဆောက်ပေးသည့်ဆဲလ်များကို ဖိနှိပ်ခြင်းဖြင့် ဟန်ချက်ညီမှုကို ဖျက်ဆီးပေးသည်။ ထို့ကြောင့် အရိုးပါးခြင်း၊ အရိုးကျိုးလွယ်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
(Ref;DM)

Most Popular

Healthy Life Ad
To Top