Healthy Life Ad
Q & A

အမြဲလိုလို ချမ်းနေရတဲ့ အကြောင်းရင်း

မေး. ဆရာရှင့် . . ကျွန်မငယ်ငယ်ကတည်းက အခုအချိန်ထိအမြဲလိုလို ချမ်းနေတတ်ပါတယ်။ သူများတွေ ပုံမှန်ဆိုရင်တောင် ကျွန်မချမ်းလို့ အနွေးထည်ဝတ်ထားရတတ်ပါတယ်။ တစ်ခါတစ်ခါ လက်ဖျား၊ခြေဖျားတွေလည်း အေးစက်နေပါတယ်။ အဲဒါ ဘာကြောင့်ပါလဲဆရာ။
မဦး၊ သာကေတ။

ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှဖြေကြားသည်

ဖြေ. ငယ်ငယ်ကတည်းက ချမ်းတတ်တယ်ဆိုတာ ဘယ်အရွယ်ဆိုတာတော့မပါဘူး၊ အခုလက်ရှိကလည်း ဘယ်အရွယ်ဆိုတာ မပါပါဘူး။ ဒီမေးခွန်းအရ ဖြေရမယ်ဆိုရင်တော့ သူများထက်ပိုပြီး ချမ်းတတ်တဲ့သူတွေမှာ များသောအားဖြင့် တွေ့ရတဲ့အကြောင်းရင်းက အမျိုးသမီးတွေမှာဆိုရင် သွေးအားနည်းလို့ပဲ ဖြစ်ပါတယ်။ သွေးအားနည်းတဲ့သူတွေမှာ ခန္ဓာကိုယ်ထဲသွေးနီဥပမာဏ နည်းနေတဲ့အတွက် သူများထက်ပိုချမ်းတာကို တွေ့ဖူးပါတယ်။ နောက်တစ်ခုက သွေးပေါင်နည်းနည်းကျတဲ့သူတွေမှာလည်း ခြေတွေ၊ လက်တွေကို သွေးပုံမှန်ရောက်တာ နည်းတဲ့အတွက်ကြောင့် ချမ်းတတ်ပါတယ်။

ခြုံပြီးပြောရမယ်ဆိုရင် သွေးအားနည်းတာရယ်၊ သွေးပေါင်ကျတာရယ်၊ ကိုယ်ခံအားစနစ် နည်းနည်းကျနေတာရယ် ဒီအကြောင်းတွေက သူများခံနိုင်ရည်ရှိတဲ့အခြေအနေမှာ အနွေးထည်ဝတ်ထား ရတတ်ပါတယ်။ ဒါကြောင့် သွေးအားနည်းနေသလား၊ သွေးပေါင်ကျနေသလားဆိုတာ စစ်ဆေးသင့်ပါတယ်။ တကယ်လို့ သွေးအားလည်းမနည်းဘူး၊ သွေးပေါင်လည်းမှန်တယ်ဆိုရင် ကိုယ်ခံအားစနစ်ကောင်းအောင် ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီ အားဆေးတစ်မျိုးမျိုးကို သောက်သင့်ပါတယ်။ ဒါကိုမှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ပြပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top