Healthy Life Ad
Health Tips

ဗီတာမင်ပါဝင်သည့် အစားအသောက်များ

၊ လရိပ်မေ ၊

ဗီတာမင်များများပါဝင်တဲ့ အစားအသောက်တွေကို စားသောက်နိုင်ဖို့ ဘယ်အစားအသောက်မှာ ဘယ်လိုဗီတာမင်ဓာတ်တွေ ပါဝင်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

– ဗီတာမင် အေ
အမဲသည်း၊ အဆီများတဲ့ ငါး၊ နွားနို့၊ ဥအနှစ်နဲ့ ဒိန်ခဲတွေမှာ ဗီတာမင်အေ ပါဝင်ပါတယ်။

– ဗီတာမင် စီ
လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း စတာတွေမှာ ဗီတာမင်စီ ပါဝင်ပါတယ်။

– ဗီတာမင် ဒီ
ဆာဒင်းငါး၊ မက်ကရယ်ငါး၊ ပုစွန်၊ နွားနို့ စတာတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။

– ဘီတာကယ်ရိုတင်း
မက်မွန်သီး၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊ ပြောင်းဖူး စတာတွေမှာ ဘီတာကယ်ရိုတင်း ပါဝင်ပါတယ်။

– ဗီတာမင် အီး
နေကြာဆီ၊ ဟင်းနုနယ်ရွက်၊ ဥအမျိုးမျိုးနဲ့ အုတ်ဂျုံ စတာတွေမှာ ဗီတာမင်အီး ပါဝင်ပါတယ်။

– ဗီတာမင် ကေ
ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ဟင်းနုနယ်ရွက်နဲ့ အမဲအသည်းမှာ ဗီတာမင်ကေ ပါဝင်ပါတယ်။

– ဗီတာမင် B1
အမဲအသည်း၊ မြေပဲ၊ ပဲစိမ်း၊ ဝက်သား (အဆီမပါ)နဲ့ ဆန်လုံးညိုမှာ ဗီတာမင် B1 ပါဝင်ပါတယ်။

– ဗီတာမင် B2
အမဲအသည်း၊ နွားနို့၊ ဒိန်ချဉ်၊ ထောပတ်သီး၊ အစိမ်းရောင်ဟင်းရွက် စတာတွေမှာ ဗီတာမင် B2 ပါဝင်ပါတယ်။

– ဗီတာမင် B3
ကြက်သား၊ ဆယ်လ်မွန်ငါး၊ အမဲသား၊ မြေပဲထောပတ်၊ အာလူး၊ နေကြာစေ့နဲ့ ဆီးသီး (ဇီးသီး)တွေမှာ ဗီတာမင် B3 ပါဝင်ပါတယ်။

– ဗီတာမင် B12
တူနာငါး၊ ဒိန်ချဉ်၊ နွားနို့၊ ဒိန်ခဲ၊ ဥအမျိုးမျိုး၊ ခုံးကောင်နဲ့ အမဲအသည်း စတာတွေမှာ ဗီတာမင် B12 ပါဝင်ပါတယ်။

– ဖောလစ်အက်ဆစ်
ဟင်းနုနယ်ရွက်၊ လိမ္မော်ရည်၊ ကညွတ်၊ အမဲအသည်း၊ မုန်လာဥနီ၊ ကြက်ဥအနှစ်/ဘဲဥအနှစ်၊ ထောပတ်သီးနဲ့ မက်မွန်သီးတွေမှာ ဖောလစ်အက်ဆစ် ပါဝင်ပါတယ်။

– ဘိုင်အိုတင်
အမဲအသည်း၊ မြေပဲထောပတ်၊ ဥအမျိုးမျိုး၊ ဆန်လုံးညို၊ အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ဘိုင်အိုတင် ပါဝင်ပါတယ်။

– ဗီတာမင် B6
ငှက်ပျောသီး၊ ထောပတ်သီး၊ အမဲသား၊ ကြက်သား၊ ငါး၊ အစေ့အဆန်နဲ့ ဂေါ်ဖီထုပ် စတာတွေမှာ ဗီတာမင် B6 ပါဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top