Healthy Life Ad
Health Tips

မေ့တတ်နေသလား . . ဒီဗီတာမင်ကို သတိရလိုက်ပါ

———၊ လရိပ်မေ ၊———

သင့်မှတ်ဉာဏ်ကို ဖောလိတ်နဲ့ ကောင်းမွန်အောင်ကြိုးစားနိုင်ပါတယ်။ ဖောလိတ်ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသောက်ရင် မွေးလာတဲ့ကလေးမှာ ချို ့ယွင်းချက်ပါတဲ့ ကလေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး နှလုံးရောဂါ၊ ရင်သားနဲ့ အူမကြီးကင်ဆာတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လတ်တလောလေ့လာမှုတွေအရ ဗီတာမင်ဘီတစ်မျိုးဖြစ်တဲ့ ဖောလိတ်ဟာ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေပြီး အကြားအာရုံဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိအောင် တစ်နေ့မှာ ဖောလိတ်ကို အစားအစာနဲ့ ဖြည့်စွက်ဆေးတို့ကနေ ၄၀ဝ မိုက်ခရိုဂရမ်ရရှိအောင် မှီဝဲသင့်ပါတယ်။ ဖောလိတ်ဓာတ်ပေါများတဲ့ အစားအစာတွေက ကွေကာ၊ ပေါင်မုန့်နဲ့ တခြားကောက်နှံစာတွေပဲ ဖြစ်ပါတယ်။

ချက်ထားတဲ့ ပဲနီလေးခွက်တစ်ဝက်စာမှာ ဖောလိတ်ဓာတ် ၁၈၀ မိုက်ခရိုဂရမ်၊ ချက်ပြီးသား ရေကညွတ်ခွက်တစ်ဝက်မှာ ဖောလိတ်ဓာတ် ၁၃၀ မိုက်ခရိုဂရမ်၊ လိမ္မော်ရည်တစ်ခွက်မှာ ဖောလိတ်ဓာတ် ၁၁၀ မိုက်ခရိုဂရမ်နဲ့ ချက်ပြီးသား ဟင်းနုနယ်ရွက်ခွက်တစ်ဝက်စာမှာ ဖောလိတ်ဓာတ် ၁၀ဝ မိုက်ခရိုဂရမ် ပါဝင်နေပါတယ်။

Most Popular

Healthy Life Ad
To Top