Healthy Life Ad
Health Tips

နေပူဒဏ် ကာကွယ်နိုင်ရန်

အခုအချိန်မှာ နေပူဒဏ်က ပြင်းထန်လွန်းတဲ့အတွက် နေပူဒဏ် ကာကွယ်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကို သုံးသင့်ပါတယ်။

၁။ အကာအကွယ် သုံးပါ
အပြင်ထွက်ဖို့ မဖြစ်မနေ အကြောင်းကိစ္စရှိလာရင် ချည်ထည်အဝတ်အစားတွေကို ဝတ်ဆင်ပါ။ အနက်ရောင်နဲ့ အရောင်ရင့်တဲ့ အဝတ် အစားတွေကို မဝတ်သင့်ပါဘူး။ ထီး ဒါမှမဟုတ် ဦးထုပ်လို အကာအကွယ်တွေ ဆောင်းပါ။ နေကာမျက် မှန်တပ်ဆင်ပါ။

၂။ အရိပ်ထဲမှာ နေပါ
တတ်နိုင်သမျှ အရိပ်ထဲမှာနေပြီး အလုပ်လုပ်သင့်ပါတယ်။ အပြင်သွားစရာရှိရင် နေပူရှိန်အပြင်းဆုံး နေ့ခင်းအချိန်တွေကို တတ်နိုင်သမျှရှောင်ပါ။

၃။ ရေများများ သောက်ပါ
တစ်နေ့လုံး ရေကို မကြာခဏ သောက်ပေးပါ။ ရေနဲ့ဓာတ်ဆားကို အဓိက သောက်သုံးပေးပါ။

၄။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ
နေပူဒဏ်ခံရချိန်မှာ အရေပြားရေဓာတ်နည်း ရင် အရေပြားခြောက်သွေ့ပြီး ယားယံတတ်တဲ့အတွက် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးသင့်ပါတယ်။

၅။ ကောင်းမွန်မျှတသည့် အစားအသောက် စားပါ
အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ ဗီတာမင်ဓာတ်တွေပါဝင်တဲ့ ကောင်းမွန်မျှတတဲ့ အစားအသောက်တွေကို စားပေးတာကြောင့် အပူဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top