Healthy Life Ad
Health Tips

အစာအဆိပ်သင့်ခြင်းအတွက် ရှေးဦးကုထုံး

၊ ငွေကြယ်စင်ယံ ၊

အစာအဆိပ်သင့် ဝေဒနာဖြစ်ပေါ်တဲ့အခါ သက်သာရာရစေဖို့ မီးဖိုချောင်ထဲကအောက်ပါ သဘာဝအစာတွေကို အသုံးပြုလိုက်ပါ။

(၁) ချင်း (ဂျင်း)

နေ့လယ်စာ ဒါမှမဟုတ် ညစာစားပြီး အစာအဆိပ်သင့်တဲ့ ဝေဒနာဖြစ်ပေါ်ရင် ချင်း(ဂျင်း) လက်ဖက်ရည်ကြမ်းတစ်ခွက် သောက်လိုက်ပါ။ ချင်းလက်ဖက်ရည် သောက်တာကြောင့် အစာအဆိပ်သင့်ဝေဒနာနဲ့ ဆက်စပ်နေတဲ့ ပျို့ချင်အန်ချင်စိတ်ပေါ်တာ၊ ရင်ပူတာနဲ့ တခြား ရောဂါဝေဒနာတွေကို သက်သာသွားစေပါတယ်။

ချင်းလက်ဖက်ရည် ပြုလုပ်ရမယ့်နည်းကတော့ ရေတစ်ခွက်ထဲ ထောင်းထားတဲ့ ချင်း လက်ဖက်စားဇွန်းတစ်ဇွန်း ထည့်ပြီး ပြုတ်ပါ၊ ပြီးရင် သကြားထည့်ကာ သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ သကြားအစား ပျားရည်လက် ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး အကြိမ်များများ သောက်ပေးရင်လည်း ဗိုက်အောင့်တဲ့ဝေဒနာနဲ့ ရောင်ရမ်းမှု ဝေဒနာတွေကို သက်သာလျော့ပါးစေမှာပါ။

(၂) သံပရိုသီး

သံပရိုသီးမှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်း၊ ဗိုင်းရပ်စ်တားတဲ့အစွမ်းနဲ့ ဘက်တီးရီးယားဆန့်ကျင်တဲ့ အစွမ်းတို့ ပါရှိတာကြောင့် အစာအဆိပ်သင့်ဝေဒနာကို သက်သာစေပါတယ်။ သံပရိုသီးထဲမှာပါတဲ့ အက်ဆစ်ဟာ အစာအဆိပ်သင့်ဝေဒနာဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။

သံပရိုသီးညှစ်ထည့်ထားတဲ့ အရည်ထဲ သကြားတစ်တို့ခပ်ကာ တစ်နေ့မှာ ၂-၃ ကြိမ် သောက်ပေးပါ။ ကြက်သီးနွေးရေထဲ သံပရိုရည်ထည့်ပြီး မကြာခဏငုံပေးရင်လည်း အစာခြေလမ်းကြောင်းစနစ်ကို ရှင်းသွားစေပါတယ်။

(၃) ကြက်သွန်ဖြူ

အစာအဆိပ်သင့် ဝေဒနာကို တွန်းလှန်ပေးနိုင်တဲ့ ကြက်သွန်ဖြူဟာ ဗိုက်နာဗိုက်အောင့်တာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတို့လို ဝေဒနာ လက္ခဏာတွေကိုပါ သက်သာစေပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ရလာတဲ့အရည်ကိုသောက်ပါ။ ဒါမှမဟုတ် ကြက်သွန်ဖြူကို အစိမ်းလိုက်စားပြီး ရေနဲ့မျှောချပါ။

(၄) ရှလကာရည်

ရှလကာရည်မှာ အယ်လ်ကာလိုင်း အာနိသင်ရှိတဲ့အတွက် အစာအိမ် အူလမ်းကြောင်းနံရံကို ကျန်းမာစေပြီး ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ မကြာခဏ ရင်ပူတတ်ရင် ရေနွေးတစ်ခွက်ထဲ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းထည့်ကာ အစာမစားခင် သောက်လိုက်ပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top