Healthy Life Ad
Health Tips

အစာစားချင်စိတ်ကို ချိုးနှိမ်ပေးသော သဘာဝအစာများ

၊ ငွေကြယ်စင်ယံ ၊

ကျန်းမာရေးကောင်းမွန်တဲ့ ဘဝပိုင်ဆိုင်ဖို့ မျှတကောင်းမွန်တဲ့အစာစားရုံသာမက ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာကိုလည်း စားသင့်ပါတယ်။ အဲဒီလိုစားတဲ့အခါ အစာစားချင်စိတ်ကို ချိုးနှိမ်ပေးနိုင်တဲ့ သရေစာတွေကိုစားပေးမှ ကယ်လိုရီများတဲ့အစာတွေကို များများမစားဖြစ်တော့မှာ ဖြစ်ပါတယ်။

f2
– Almond သစ်စေ့

Almond သစ်စေ့မှာ ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်နဲ့ တခြားအင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး ဆာလောင်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သရေစာအဖြစ် Almond သစ်စေ့ လက်တစ်ဆုပ်စာစားတဲ့အတွက် ကြာရှည်ဗိုက်ပြည့်သွားပြီး ကိုယ်အလေးချိန်ထိန်းချုပ်နိုင်စွမ်း ရှိစေပါတယ်။

f6
– ရေ

အစာမစားခင်နဲ့ အစာစားပြီးနောက် ရေသောက်ပေးရင် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ လေ့လာမှုအရ အစာမစားခင် ရေနှစ်ဖန်ခွက်သောက်တဲ့သူတွေဟာ ရေမသောက်သူတွေထက် ကယ်လိုရီရယူမှု လျော့နည်းကြောင်း သိရပါတယ်။ သရေစာစားတဲ့ အကျင့်လျော့ကျစေဖို့ အစာမစားခင် ရေသောက်ပေးပါ။

f5
– ပန်းသီး

ပန်းသီးက နံနက်စောစော စားသင့်တဲ့သရေစာဖြစ်သလို နေ့လယ်စာမှာလည်း စားသင့်ပါတယ်။ ကယ်လိုရီရရှိမှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှု များပါတယ်။ အမျှင်ဓာတ်က ကြာကြာဗိုက်ပြည့် စေပါတယ်။ ပန်းသီးမှာ ရေဓာတ်ပါဝင်မှုများတဲ့အတွက် အစာစားချင်စိတ်ကိုချိုးနှိမ်ပြီး ပက်ပ်တင်ဓာတ်ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးပါတယ်။

F1
– ပူဒီနာ

ပူဒီနာမှာ စိတ်ဖိစီးမှုကိုလျော့ပါးစေတဲ့ အာနိသင်ရှိပါတယ်။ ပူဒီနာအနံ့ဟာ အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာကြောင့် ပူဒီနာလက်ဖက်ရည်သောက်သုံးပေးရင် အစာစားချင်စိတ်ကို တော်ရုံနဲ့မဖြစ်စေပါဘူး။

f4
– ကန်စွန်းဥ

လတ်တလောလေ့လာမှုအရ ကန်စွန်းဥထဲမှာပါဝင်တဲ့ ကစီဓာတ်ဟာ အစာခြေအင်ဇိုင်းတွေကို တွန်းလှန်ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ကန်စွန်းဥမှာ ဗီတာမင်စီနဲ့ ဗီတာမင်အေပါဝင်မှု များပါတယ်။

f7
– တိုဟူး

တိုဟူးထဲမှာတွေ့ရတဲ့ ဂျင်နက်စတိန်းဆိုတဲ့ အိုက်ဆိုဖလေဗုန်းဓာတ်ဟာ အစာစားချင်စိတ်ကို ချိုးနှိမ်ပေးပြီး အစာစားလိုစိတ်ကို လျော့ကျစေပါတယ်။ ပရိုတင်းပါဝင်မှုများတဲ့ အစာဖြစ်ပါတယ်။

f3
– ဟင်းခတ်အမွှေးအကြိုင်များ

ငရုတ်ကောင်းမှုန့်လို ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်တာကြောင့် ခန္ဓာကိုယ်ရဲ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ဗိုက်ပြည့်စေပါတယ်။ အစာထဲ ဟင်းခတ်အမွှေးအကြိုင်ထည့်စားသူတွေဟာ တစ်နေ့လုံး ကယ်လိုရီများများရယူမှု လျော့နည်းကြပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top