Healthy Life Ad
Health Tips

ကိရိယာလွတ် ပြုလုပ်နိုင်သည့် လေ့ကျင့်ခန်းများ

၊ ကိုထက် ၊
ပင်လယ်ကမ်းခြေပဲသွားသွား၊ အိမ်မှာပဲနေနေ၊ အားကစားခန်းမကို သွားသွား ဘယ်မှာမဆို ကိရိယာ လွတ်ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေလုပ်သင့်ပါတယ်။

shoulder
(၁) ပခုံးနှင့် ဝမ်းဗိုက်အတွက် လေ့ကျင့်ခန်း
ကြမ်းပြင်ပေါ် ပက်လက်လှန်ပြီး ခန္ဓာကိုယ် အလယ်ပိုင်းကို မြှင့်တင်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းက ပခုံးနဲ့ ဝမ်းဗိုက်ကို အလုပ် ဖြစ်စေပါတယ်။

 

plank
(၂) ဝမ်းဗိုက်အတွက် လေ့ကျင့်ခန်း
ဝမ်းဗိုက်ကို ကျန်းမာသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ကြမ်းပြင်ပေါ် လေးဘက်ထောက်ကာ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်၊ မြှင့်တင်လိုက် လုပ်ပေးရမှာပါ။

 

Warrior
(၃) ကိုယ်နေဟန်ကောင်းမွန်စေမည့် လေ့ကျင့်ခန်း
ကြမ်းပြင်ပေါ် ခြေထောက်နှစ်ဖက်ကို ခြောက်လက်မလောက်ခြားပြီး လက်နှစ်ဖက်ကို ဘေးဘက် ဆန့်တန်းရမှာပါ။ ဒီကျင့်စဉ်က ဝမ်းဗိုက်ချပ်ရပ်စေပြီး ကိုယ်နေဟန် ကြည့်ကောင်းကာ အဆီပိုတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

 

Tricep
(၄) သွယ်လျသန်စွမ်းစေမည့် လေ့ကျင့်ခန်း
ကုတင် ဒါမှမဟုတ် ကုလားထိုင်ရှိရင် ရပါပြီ။ ကုတင်နဲ့ ကုလားထိုင်ပေါ်ကျောပေးပြီး လက်နဲ့ ကိုင်ကာ ရပ်လိုက်၊ ထိုင်လိုက်လုပ်ပေးပါ။ ခန္ဓာကိုယ်ကိုသန်စွမ်း သွယ်လျစေပါတယ်။

 

Superman
(၅) စူပါမန်းအသွင် လေ့ကျင့်ခန်း
ခါးနောက်ကျောနဲ့ တင်ပါးကို သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းပါ။ ယောဂဖျာမရှိ ရင်စောင် ဒါမှမဟုတ် ကော်ဇောသုံးနိုင်ပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top