ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။
မေး။ အစားအသောက်ကို ညဘက်မှာ ဘယ်အချိန် နောက်ဆုံးထားပြီး စားသင့်ပါသလဲ။
ဒေါ်ခင်မာ၊ တာမွေ။
ဖြေ။ အစားအသောက်ကို ကိုယ်အိပ်တဲ့ အချိန်နဲ့ အနည်းဆုံး သုံးနာရီလောက် ခြားပြီး စားသင့်ပါတယ်။ ဥပမာ ည ၉ နာရီ-၁၀ နာရီအိပ်တတ်တဲ့ သူက ည ၆ နာရီမှာ နောက်ဆုံးထားပြီး စားသင့်ပါတယ်။ ဖြစ်နိုင်ရင် ညစာ စားတာကို ည ၆ နာရီထက် နောက်မကျရင် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အခုခေတ်ကြီးမှာ ည ၆ နာရီ နောက်ဆုံးထားပြီး စားဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ အများအားဖြင့် ည ၈ နာရီလောက်မှပဲ အိမ်ပြန်ရောက်ကြပါတယ်။ ဒီတော့ အနည်းဆုံး ကိုယ်အိပ်တဲ့ အချိန်နဲ့ သုံးနာရီ ခွာပြီး ညစာကို စားပေးဖို့တော့ လိုပါတယ်။