Healthy Life Ad
Q & A

ဆေးထိုးထားတဲ့ သစ်သီးကြာကြာစားမိတဲ့အခါ . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် အာဟာရအထူးကု ဆရာဝန်ကြီးမှဖြေကြားသည်။

မေး. ဆေးထိုးထားတဲ့ သစ်သီးတွေကို ကြာရှည်စားမိရင် ဘယ်လိုဆိုးကျိုးတွေ ရတတ်ပါသလဲ။
ကိုမင်းမြတ်၊ လသာ။

ဖြေ. လူတွေ သစ်သီးဝလံတွေ စားတယ်ဆိုတာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အင်တီအောက်ဆီးဒင့်တွေ လိုချင်လို့၊ ဗီတာမင်အာဟာရဓာတ်တွေ ရချင်လို့ စားကြတာပါ။ အဲဒီလို ကျန်းမာချင်လို့ စားပါတယ်ဆိုမှ သစ်သီးတွေကို ဆေးထိုးပြီး ပြုပြင်ထားတယ်ဆိုတော့ အဲဒီလို သစ်သီးတွေကို ကြာရှည်စားမိတယ်ဆိုရင် ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ လူတွေ ရောဂါရစေနိုင်တဲ့အတွက် အဲဒီလို ဆေးထိုးပြီးတော့လည်း မရောင်းသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top