Healthy Life Ad
Child

ပျော်ရွှင်ဖွယ်ရာ ကလေးဘဝ ပိုင်ဆိုင်သူများက အရွယ်ရောက် ချိန်တွင် ပျော်ရွှင်မှု ပိုရှိတတ်

၊ ZKO ၊

၁၉၃၈ ခုနှစ်က ဟားဗတ်တက္ကသိုလ်က လေ့လာမှု တစ်ခုအရ အသက် ၁၈ နှစ်အရွယ် ဟားဗတ်ကျောင်းသား ၂၆၈ ဦးရဲ့ ငယ်ဘဝတွေကို
ခြေရာခံပြီး ဘယ်လို ကိုယ်ရည်ကိုယ်သွေး ရှိသလဲ၊ ဘယ်လို အမူအကျင့် ရှိသလဲ၊ ဘယ်လို ဘဝအတွေ့အကြုံ ရှိခဲ့သလဲ ဆိုတာကို
ဆန်းစစ်လေ့လာ ခဲ့ပါတယ်။ အဲဒီမှာ အများနဲ့ဆိုင်တဲ့ လက်ခံစရာ အချက်အလက် တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ အဲဒါကတော့ ချစ်ခင်မြတ်နိုးပျော်ရွှင်ဖွယ်ရာ ကလေးဘဝကို ပိုင်ဆိုင်တဲ့ သူတွေက အရွယ်ရောက်ချိန်မှာ ပျော်ရွှင်မှု ရှိတတ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ကလေးဘဝမှာပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝပိုင်ဆိုင် ခဲ့သူတွေက အရွယ်ရောက်လာတဲ့ နှစ်တွေမှာ ပိုမိုပျော်ရွှင် တတ်ကြတယ် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

တကယ်တော့ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ဆိုတာ ချစ်ခြင်းမေတ္တာကို ပေးတာနဲ့ ရရှိတာတို့ပေါ်မှာ မူတည်နေတယ်လို့ ၁၉၇၂ ကနေ ၂၀ဝ၄ ခုနှစ်အထိ လေ့လာခဲ့တဲ့ ဂရန့်လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက စစ်မှန်တဲ့ ပျော်ရွှင်မှု ချမ်းသာသုခကို ခံစားနိုင်ဖို့ တခြားသူတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ တွယ်တာမှု လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။ ပျော်ရွှင်မှုမှာ ယုံကြည်မှု၊ မျှော်လင့်ချက်၊ ချစ်ခြင်းမေတ္တာ၊ကျေးဇူးတရား စတာတွေ ပါဝင်နေတဲ့အတွက် တစ်ဦးတည်း အထီးကျန်တဲ့ သူတွေက ပျော်ရွှင်မှုကို အပြည့်အဝ မရနိုင်ဘူးလို့ ဆိုထားပါတယ်။ ဂရန့် လေ့လာမှုအရ အိမ်ထောင်ပြုခဲ့ရင်တောင် ချစ်ခြင်းမေတ္တာကို ကိုယ်ကလည်း မပေး၊ သူ့ဆီကလည်း မရဆိုရင် မပျော်ရွှင်ဘူးလို့ ဆိုထားပါတယ်။

ချစ်စရာကောင်းတဲ့ မိသားစုဘဝ ပိုင်ဆိုင်ခွင့်ရတဲ့ ကလေးတွေက ကြီးလာတဲ့အခါပျော်တတ်တဲ့သူတွေ ဖြစ်လာကြပါတယ်။ တကယ်လို့ သင်က ချစ်စရာကောင်းတဲ့ မိသားစုဘဝထဲကို ရောက်ရှိလာသူ မဟုတ်ဘူးဆိုရင် မိတ်ဆွေသူငယ်ချင်းတွေ ဒါမှမဟုတ် ဆွေမျိုးသားချင်းေ တွနဲ့ ကိုယ်ပိုင်မိသားစု ဘဝလေး တည်ဆောက်ပြီး နေထိုင်မှသာ ပျော်ရွှင်မှုရရှိပါလိမ့်မယ်။ မေတ္တာဆိုတာ ပေးတဲ့သူကို ပြန်လည်ရရှိစေ ပြီးပျော်ရွှင်စေတဲ့ နှစ်လမ်းသွား အာနိသင် ရှိတဲ့အရာပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top