Healthy Life Ad
Health Tips

အလိုရှိတိုင်း ဝါးစားနိုင်သည့် သရေစာများ

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

သရေစာဆိုတာ လူအားလုံးနီးပါး နှစ်ခြိုက်တဲ့ အစာပါ။ သရေစာ စားတာကြောင့် စွမ်းအင်တိုးပြီး ဗိုက်ဆာတာကို ပြေပျောက်စေပါတယ်။
w1
– ပန်းဂေါ်ဖီကင်
ပန်းဂေါ်ဖီပွင့်ကို ရေစင်အောင် ဆေးပြီး အပူရှိန်နည်းနည်းနဲ့ မိနစ် ၄၀ လောက် မီးကင်လိုက်ပါ။ ပြီးရင် အပေါ်ကနေ ဆားအနည်းငယ် ဖြူးပြီး ပန်းဂေါ်ဖီပွင့် အညိုရောင် သမ်းလာချိန်မှာ စားပေးရမှာ ဖြစ်ပါတယ်။

w2
– မုန်လာဥနီ
မုန်လာဥနီက သဘာဝအတိုင်း ချိုမြိန်တဲ့အတွက် ကောင်းမွန်တဲ့ သရေစာပါ။ မုန်လာဥနီကို အတုံးငယ်လေးတွေ လှီးပြီး မုန့်ဘူးထဲထည့်ကာ သွားလေရာ ယူသွားပါ။

w5
– ကြက်ဥပြုတ်၊ ဘဲဥပြုတ်
ကြက်ဥပြုတ်၊ ဘဲဥပြုတ်မှာ ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားပါတယ်။ အနှစ်မပါတဲ့ ကြက်ဥ၊ ဘဲဥ အကာဆိုရင် ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်ဥပြုတ် / ဘဲဥပြုတ်နဲ့ သုပ်စားပေးပါ။

w3
– ကိုက်လန်
ကိုက်လန်ရွက်ကို သံလွင်ဆီ နည်းနည်းနဲ့ ရောကြော်ပြီး ဆားအနည်းငယ် ဖြူးကာ စားပေးပါ။ မီးကင်စားလို့လည်း ရပါတယ်။

w6
– ဒိန်ချဉ်
ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားအပြင် ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်တဲ့အတွက် ကျန်းမာစေပါတယ်။

w7
– စွပ်ပြုတ်
ကြက်သား၊ ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတာတွေကို တစ်နာရီလောက် ပြုတ်ထားတဲ့ ကြက်စွပ်ပြုတ်ဟာ အဆီပါဝင်မှု နည်းတဲ့အတွက် အဆာပြေ သရေစာအဖြစ် စားနိုင်ပါတယ်။ သတိပြုရမှာက ကြက်သားကို အရေခွံခွာဖို့ ဖြစ်ပါတယ်။

w4
– လက်ဖက်ရည်
လက်ဖက်ရည် သောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ဗိုက်ပြည့်ကာ စိတ်ကျေနပ် စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top