Healthy Life Ad
Q & A

မကြာခဏ ဆီးကျဉ်ပြီး ဆီးပူသွားနေလျှင် . . .

ဒေါက်တာမိုးအောင်ကျော်နိုင်

အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးှ

Q. မကြာခဏ ဆီးကျ ဉ်နေပါတယ်။ ဆီးသွားတဲ့အခါ ဆီးပူတွေသွားပြီး ဆီးကျန်သလိုလည်း ခံစားရပါတယ်။ အဲဒါ သက်သာအောင် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ရွှေစင်ထွန်း၊ ပဲခူး။

A. အမျိုးသမီးတွေမှာအဖြစ်များတဲ့ ဆီးလမ်း ကြောင်းဆိုင်ရာ ဝေဒနာလက္ခဏာတစ်မျိုးပဲ ဖြစ်ပါ တယ်။ ဆီးကျဉ်တာက ဆီးသွားတိုင်း ဆီးပူတာ၊ ဆီးအောင့်တာ၊ စပ်တာ၊ ဆီးသွားလို့ပြီးခါနီးမှာ ဆီးစပ်ကနေ ဆုပ်ဆွဲထားသလို အောင့်တာ စတာတွေနဲ့တွဲဖြစ်ရင်တော့ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ဆီး လမ်းကြောင်း ပိုးဝင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ပြီး ဆီးအိမ်ရောင်ရမ်းတဲ့ လက္ခဏာနဲ့ တူပါတယ်။

တချို့ကျတော့ ဒီလို လက္ခဏာတွေက တစ်ခါတလေမှ ဖြစ်တယ်၊ ပဋိဇီဝပိုးသတ်ဆေး မသောက်ဘဲ ရေများများသောက်တယ်၊ သက်သာသွားတာမျိုး တွေ့ရပါတယ်။ ဒါကျတော့ ဆီးလမ်းကြောင်း ပိုး ဝင်တာမဟုတ်ဘဲနဲ့ အပူအစပ်တွေ စားတာများတာ၊ ရေခဲရေအသောက် များပြီး ရိုးရိုးရေ အသောက် နည်းသွားတာ၊ နေပူထဲက ပြန်လာ ပြီး ရေသောက်နည်းတာ . . ဒီလိုအပြုအမူတွေကြောင့် တစ်ခါတလေ ခံစားရတာ တွေ့ရတတ်ပါတယ်။ ဒီလို လက္ခဏာတွေမခံစားရအောင် ကာကွယ်ဖို့ဆိုရင် သာမန်ရိုးရိုးရေကို နှစ်လီတာ (ရေသန့်ဘူး နှစ်ဘူး) သောက်ပေးဖို့လိုပါတယ်။ သိပ်ကိုပူစပ်တဲ့ အစား အသောက် တွေရှောင်သင့်ပါတယ်။ သိပ်အေး တဲ့ ရေခဲ ရအေး တွေကို စွဲစွဲမြဲမြဲ မသောက်သင့်ပါဘူး။ ဒါဆိုရင် အစားအသောက်ကြောင့်ဖြစ်တဲ့ ဆီးပူတာ၊ ဆီး ကျဉ်တာတွေ မဖြစ်နိုင်တော့ပါဘူး။

တကယ်လို့ ဆီးပိုးဝင်လို့ဆီးကျဉ်တာက မကြာခဏ ဖြစ်တယ်ဆိုရင် ဒါမှမဟုတ် ဆီးကျဉ်တာ၊ ဆီးပူ တာစတဲ့ လက္ခဏာတွေကို ရေရှည်ခံစားနေရတယ် ဆိုရင်တော့ ဆီးပိုးစစ်ကြည့်ဖို့ လိုပါတယ်။ ဆရာဝန် နဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

အိမ်ထောင်သည်တွေဆိုရင် ဘဝမှာ ဆီးပိုးဝင်တဲ့ လက္ခဏာတွေ တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို ကြုံရတတ်တယ်လို့ ဆိုကြပါတယ်။ ဒါဆိုရင်တော့ ဆီးလမ်းကြောင်း ပိုးဝင်တာကို ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသမှု ခံယူရမယ့်အပြင် နောင်တစ်ချိန် ဆီးလမ်းကြောင်းထဲ ပိုးမဝင်ဖို့အတွက်ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာသင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဆီးလမ်းကြောင်းထဲပိုးဝင်တာက ကိုယ့်ရဲ့ မစင်(ဝမ်း)ထဲမှာ ပါတဲ့ ပိုးတွေက စအိုတစ်ဝိုက်ကနေ ဆီးလမ်းကြောင်းထဲ ဝင်ရောက်ပွားများတာမျိုး တွေ့ရတတ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့် ရှင်းရေး၊ လိင်အင်္ဂါသန့်ရှင်းရေးက အထူးအရေးကြီး ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေ လစဉ် ရာသီလာ တဲ့အခါမှာ လိင်အင်္ဂါသန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ပေးရင် ဆီးပိုးဝင်တာ ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လတ်တလော ဆီးကျဉ်တာ၊ ဆီးပူတာ ခံစားနေရရင် ပိုးကြောင့် ဟုတ်၊ မဟုတ် ဆီးစစ်ဖို့ လိုပါတယ်။  ပိုးသတ်ဆေးသောက်နိုင်ဖို့ ဆရာဝန်နဲ့ တွေ့ပြီး ညွှန် ကြားချက်အရပဲ သောက်သင့်ပါတယ်။ အခုလော လောဆယ်မှာ ပိုးသတ်ဆေးမဟုတ်ဘဲ လက္ခဏာ သက်သာစေတဲ့ ဆေးတွေ(Sodium Citrate နဲ့ Potassium Citrate )ကို သောက်ပေးလို့ ရပါတယ်။ ဒါက အရည်၊ ဆေးပြားအနေနဲ့ လာတာရှိပြီး သောက်ပေးရင် ကျောက်မှုန်ကျတာ သက်သာစေသလို ဆီးလမ်း ကြောင်း ပိုးဝင်တဲ့လက္ခဏာတွေကိုပါ သက်သာစေတယ်လို့ ဆိုထားပါတယ်။ ဒီဆေးလေးကို ၃-၄ ရက်လောက်သောက်ပြီး မသက်သာရင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ပြဿနာအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသမှု ခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top