Healthy Life Ad
Health Tips

ဆီး(ဇီး)ဖျော်ရည်၏ အလှအပအတွက် အသုံးဝင်ပုံများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ဆီး(ဇီး)ဖျော်ရည်က ဝမ်းချုပ်သက်သာစေတဲ့ အိမ်တွင်းဆေးတစ်လက်ပါ။ ဆီးဖျော်ရည်သောက်တာအပြင် လိမ်းပေးတာကြောင့် အသားအရေအတွက် ကောင်းကျိုးတွေ ရှိနေပါတယ်။

ရေဓာတ်ပြည့်ဝစေရန်အတွက်

ဆီး(ဇီး)ဖျော်ရည်ကို ဂွမ်းစလေးနဲ့တို့ပြီး မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ အချိန် ၁၅-၂၀ မိနစ်ကြာမှ ရေနဲ့ဆေးချလိုက်ရင် အသားအရေ စိုပြည်စေပါတယ်။ ရေဓာတ်ပြည့်ဝဖို့အတွက် ဆီး(ဇီး)ဖျော်ရည် သောက်ပေးတာက အသားအရေ ချောမွေ့နူးညံ့စေတဲ့အစွမ်း ရှိပါတယ်။ ရေကိုလည်း တစ်နေ့မှာ နှစ်လီတာ (ရှစ်ဖန်ခွက်)လောက် သောက်ပေးဖို့လည်း မမေ့ပါနဲ့။

အသားအရေ ကြည်လင်ဝင်းပစေရန်အတွက်

အသားအရေရှိ အရေပြားဆဲလ်သေတွေ ကင်းစေဖို့ ကြေးချွတ်သန့်စင်မှု လုပ်သင့်ပါတယ်။ အညိုရောင်သကြားနဲ့ ဆီးဖျော်ရည်ကို ရောမွှေပြီး မျက်နှာအသားအရေမှာလိမ်းကာ လက်ချောင်းထိပ်လေးနဲ့ ညင်ညင်သာသာပွတ်ကာ နှိပ်နယ်ပေးပါ။ ဆီး(ဇီး)ဖျော်ရည်ကို သောက်ရင်လည်း ကိုယ်တွင်းအဆိပ်အတောက် ကင်းစင်ကာ အသားအရေ ကြည့်ကောင်းစေပါတယ်။

အရေးကြောင်း လျော့ပါးစေရန်အတွက်

ဆီး(ဇီး)ဖျော်ရည်မှာ ဗီတာမင်စီပါတာကြောင့် ကိုယ်ခံအားစနစ် အားကောင်းစေတဲ့အပြင် ကော်လာဂျင်ထုတ်လုပ် အားကောင်းစေပါတယ်။ ကော်လာဂျင်က အသားအရေတင်းရင်းကာ အိုမင်းမှုကို ဟန့်တားပေးတဲ့အစွမ်း ရှိတာကြောင့် ဆီး(ဇီး)ဖျော်ရည်သောက်တာအပြင် အရေပြားမှာလည်း လိမ်းပေးနိုင်ပါတယ်။

ဗိုက်ချပ်ရပ်စေရန်အတွက်

ဆီး(ဇီး)ဖျော်ရည်မှာ အမျှင်ဓာတ်ပါဝင်မှု များတာကြောင့် ဗိုက်ပြည့်တဲ့ခံစားချက်ဖြစ်စေကာ အစာအလွန်အမင်း မစားဖြစ်စေတော့ပါဘူး။ နောက်တစ်ချက်အနေနဲ့ ဆီး(ဇီး)ဖျော်ရည်သောက်ရင် အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေ ကင်းစင်ကာ ဝမ်းဗိုက်ချပ်စေပါတယ်။ ဗိုက်ချပ်ဖို့နဲ့ ဝိတ်ကျဖို့ ဆီး(ဇီး)ဖျော်ရည်သောက်ချင်ရင် ၁၀ဝ ရာခိုင်နှုန်း ဆီးသီးအစစ်ဖျော်ရည်ကိုပဲ သောက်ပေးပါ။

ဆံပင်သား ထူထဲသန်စွမ်းစေရန်အတွက်

ဆီး(ဇီး)ဖျော်ရည်ကို ပုံမှန်သောက်တာကြောင့် ဆံပင်သားသန်စွမ်းစေပါတယ်။ အကြောင်းကတော့ ဆီး(ဇီး)ဖျော်ရည်မှာ ဆံပင်သားအကျိုးပြုတဲ့ ဗီတာမင်ဘီအုပ်စု ပါဝင်နေလို့ပါ။ ဒါ့အပြင် ဆီး(ဇီး)ဖျော်ရည် ပုံမှန်သောက်ပေးတာက ဆံပင်မကျွတ်အောင် ထိန်းသိမ်းပေးပြီး ဆံပင်သားတောက်ပြောင် ကြည့်ကောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top