Healthy Life Ad
Health Tips

သိပ္ပံနည်းကျ သုတေသနများအရ တွေ့ရှိရသည့် တရားထိုင်ခြင်း၏ ကျန်းမာရေး စွမ်းပကား

၊ လရိပ်မေ ၊

တရားထိုင်တာကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရှိတယ် ဆိုတာ သိပ္ပံနည်းကျ လေ့လာမှုတွေ အရ သိရပါတယ်။

– စိတ်တည်ငြိမ်မှု ရရှိခြင်း
တရားထိုင်တာကြောင့် စိုးရိမ်စိတ်၊ ပူပင်သောကနဲ့ စိတ်ဖိစီးမှုတွေ လျော့ကျသွားပြီး စိတ်တည်ငြိမ်မှု ရရှိစေပါတယ်။

– သွေးတိုးကျစေခြင်း
တရားထိုင်တာကြောင့် စိတ်ဖိစီးမှု လျော့ကျတဲ့ အတွက် တခြား သက်ရောက်မှု အဖြစ် သွေးတိုးကိုပါ ကျစေပါတယ်။ ဟားဗတ် ဆေးကျောင်းရဲ့လေ့လာမှုအရ တရားထိုင်တာ ကြောင့် သွေးတိုးကို ကျစေ တယ်လို့ တွေ့ရှိရပါတယ်။

– ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက် ဝေဒနာ သက် သာစေခြင်း
ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက်၊ လေပွလိုက် တစ် လှည့်စီ ဖြစ်တဲ့ ဝေဒနာ လက္ခဏာတွေကို IBS (Irritable Bowel Syndrome) လို့ ခေါ်ပါတယ်။ တစ်နေ့ နှစ်ကြိမ် တရားထိုင် လိုက်ရင် ဒီဝေဒနာတွေ သက်သာ စေပါတယ်။

– မျိုးအောင်နိုင်စွမ်း ကောင်းမွန်ခြင်း
တရားထိုင်တာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်အပန်းပြေ အနားရတာဟာ လိင်ပိုင်းဆိုင်ရာ အင်္ဂါ အစိတ်အပိုင်း တွေ အပေါ် သက်ရောက်မှု ရှိပါတယ်။ အမျိုးသား တွေ အတွက် သုတ်ကောင် အရေအတွက်နဲ့ သုတ်ကောင် လှုပ်ရှား ကူးခတ်နိုင်စွမ်း တိုးလာသလို အမျိုးသမီးတွေအတွက် သန္ဓေအောင်နိုင်ခြေပိုများပါတယ်။

– ရောင်ရမ်းမှု ကျစေခြင်း
တရားထိုင်တာကြောင့် အဆိုးမြင် အတွေးတွေကို ကင်းစင် စေပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး နာမကျန်းမှု ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ရောင်ရမ်းမှုဆိုတာ စိတ်ဖိစီးမှု ကြောင့် ဖြစ်တတ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ရောင်ရမ်းမှုက ပန်းနာ ရင်ကျပ် ရောဂါ၊ အဆစ် ရောင်နာ၊ နှလုံးရောဂါ၊ ဆိုးရီးယေးစစ် စတာတွေနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ဆိုပါတယ်။

– ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း
တရားထိုင်တာကြောင့် ရရှိတဲ့ အကြီးမားဆုံး ကောင်းကျိုးက ကိုယ်ခံစွမ်းအား ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ ကင်ဆာ လူနာတွေ ပြန်လည် ကျန်းမာလာတာက တရားထိုင် တဲ့အတွက် ကိုယ်ခံစွမ်းအား မြင့်တက်လာလို့ ဖြစ်ပါတယ်။ တရားထိုင်တာကြောင့် ကြွက်သားတွေကို အနားရစေသလို ရင်သားကင်ဆာ အန္တရာယ် ကိုပါ လျော့ကျ စေပါတယ်။ အသက်ကြီး သူတွေမှာ တရားထိုင်ရင်း စိတ်အပန်းပြေ တာကြောင့် ဗိုင်းရပ်စ်နဲ့ အကျိတ်တွေကို တွန်းလှန်နိုင်တဲ့ သဘာဝ ဆဲလ်တွေ အားကောင်း စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top