Healthy Life Ad
Health Tips

အရောင်များနှင့် အစာစားချင်စိတ်

၊ လရိပ်မေ ၊

ကိုယ်အလေးချိန် လျှော့ချဖို့ ကြံရွယ်နေတဲ့အခါ သင်ရဲ့အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်ဖို့ ဘယ်လိုအရောင်တွေကို သုံးသင့်သလဲဆိုတာ သိထားနိုင်အောင် အရောင်တွေအကြောင်း ဖော်ပြလိုက်ပါတယ်။

– အဝါရောင်
အဝါရောင်က ပျော်ရွှင်မှုနဲ့ ဆက်စပ်နေတာကြောင့် အစာစားချင်စိတ်ကို တိုးစေပါတယ်။ အဝါရောင်မြင်ရင် ဦးနှောက်က ဆီရိုတိုနင်ဓာတ် များများထုတ်ပေးတဲ့အတွက် အစာစားချင်ရတာပါ။ ဒါကြောင့် စားသောက်ဆိုင် အများစုဟာ စားပွဲပေါ်မှာ အဝါရောင်ပန်းတွေ တင်ထားကြတာပါ။ အဝါရောင်က သက်သောင့်သက်သာရှိမှု၊ နွေးထွေးမှုတို့နဲ့လည်း ဆက်နွှယ်မှု ရှိပါတယ်။

– အနီရောင်
လတ်တလော လေ့လာမှုအရ အနီရောင် ပန်းကန်ပြားနဲ့ အစာကျွေးတဲ့အခါ လူတွေက အစာစားချင်စိတ် နည်းတယ်လို့ သိရပါတယ်။ အစာနဲ့ပတ်သက်ရင် အနီရောင်က အန္တရာယ်ရှိတယ်လို့ ထင်ထားလို့ပါ။ ဒါပေမဲ့ လေ့လာမှု တချို့အရ အနီရောင်က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတယ်လို့ တွေ့ရှိတာကြောင့် စားသောက်ဆိုင်တွေဟာ အနီရောင်စားပွဲခင်း၊ အနီရောင်နက်ခ်တိုင် စတာတွေ သုံးကြတယ်လို့ သိရပါတယ်။

– အဖြူရောင်
သရေစာတွေမှာ အဖြူရောင်တွေနဲ့ ဆက်စပ်နေတဲ့အတွက် လူတွေကို စားချင်စိတ်များစေတဲ့ အစာပါ။ အဖြူရောင်အစာမှာ ကယ်လိုရီပါဝင်တဲ့အတွက် အစာကိုအလွန်အမင်း စားချင်စိတ် ဖြစ်စေနိုင်ပါတယ်။

– အစိမ်းရောင်
အစိမ်းရောင်အစာတွေက ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ လူတွေက လက်ခံထားကြပါတယ်။ အစိမ်းရောင်အစာဆိုရင် စားဖို့ အန္တရာယ်ကင်းတယ်လို့ ရှေးကတည်းက ယူဆထားတာပါ။

– အညိုရောင်
အညိုရောင်က လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ အကြောင်းကတော့ ဒီအရောင်က ဟင်းအိုးတူးတဲ့ အစာ၊ အကျက်လွန်တဲ့ အစာတွေနဲ့ ဆက်စပ်နေလို့ပါ။

– ပန်းရောင်
ပန်းရောင်က ဆာလောင်မှုကို မလှုံ့ဆော်နိုင်တဲ့အပြင် အသားစိမ်းအပါအဝင် ပါဝင်ပစ္စည်းအတုတွေနဲ့ ဆက်စပ်နေတာကြောင့် စားချင်စိတ် လျော့ကျစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top