Healthy Life Ad
Health Tips

သင် ရှောင်ရှားသင့်သည့် ကင်ဆာအားပေး အစာများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ကင်ဆာဖြစ်မှာ ကြောက်တယ်ဆိုရင် ကင်ဆာနဲ့ ဆက်စပ်မှုရှိတဲ့ အစားအသောက်တွေကို ရှောင်ဖို့ လိုအပ်ပါတယ်။

– အချိုရည်
ကယ်လိုရီ၊ သကြားနဲ့ တခြားသဘာဝ မဟုတ်တဲ့ ပါဝင်ပစ္စည်းအတုတွေ ထည့်သွင်းထားတဲ့ ဆော်ဒါအချိုရည်တွေက သွားကြွေလွှာတွေကို ထိခိုက်စေရုံသာမက ကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။

– အနီရောင် အသား
အနီရောင် အသားတွေကို စားလေ့ ရှိသူတွေအနက် အမျိုးသားတွေမှာ ၂၂ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ၂၀ ရာခိုင်နှုန်းဟာ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။

– အရက်
အရက်က ကင်ဆာဖြစ်စေတဲ့ အရာထဲမှာ ဆေးလိပ်လိုပဲ ပါဝင်နေပါတယ်။ အရက်ကို မသောက်တာ အကောင်းဆုံးပါ။ တကယ်လို့ မသောက်ရ မနေနိုင်ရင် အသင့်အတင့်ပဲ သောက်ပါ။ ပမာဏများရင် လေဖြတ်တာနဲ့
နှလုံးထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။

– အချိုတု
အချိုတုက အကောင်းထက် အဆိုးက ပိုများပါတယ်။ ကိုယ်အလေးချိန် တက်စေတဲ့ အပြင် ဆီးချိုသွေးချိုရောဂါ အန္တရာယ်လည်း ရှိပါတယ်။

– သကြားဖြူ
သကြားဖြူကို များများစားတာကြောင့် အင်ဆူလင်အဆင့်ကို မြင့်တက်စေပြီး ကင်ဆာဖြစ်နှုန်း တိုးစေပါတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားဖို့ သကြား လိုအပ်ပါတယ်။

– ဂျုံဖြူ
ဂျုံဖြူကို များများစားတာက သွေးတွင်း သကြားဓာတ် မြင့်တက်စေပြီး အင်ဆူလင်အဆင့် တက်စေပါတယ်။

– ဆားကဲသော အချဉ်တည်ထားသည့် အစာများနှင့် ကျပ်တင်အစာများ
ဒီအစာတွေမှာ နိုက်ထရိတ် ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲရောက်ရင် N – Nitroso အဖြစ် ကူးပြောင်းပြီး ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အစာအိမ် ကင်ဆာနဲ့ အူမကြီး ကင်ဆာတွေနဲ့ ဆက်စပ် နေပါတယ်။

– ပြည့်ဝဆီ
တိရစ္ဆာန်ထွက်ဆီလို ပြည့်ဝဆီတွေက ကင်ဆာ၊ နှလုံးရောဂါ စတာတွေနဲ့ ဆက်စပ် နေပါတယ်။

– အာလူးချောင်းကြော်
အာလူးချောင်းကြော်ထဲမှာ ပြောင်းလဲဆီ (Trans Fat) ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။ ဆိုဒီယမ် ပါဝင်မှုလည်း များတဲ့အတွက် သွေးတိုးတတ်ပါတယ်။

– ပြုပြင်ထားသော အသား
ပြုပြင်ထားတဲ့ အသားတွေမှာ စီးကရက်မီးခိုးမှာ တွေ့ရတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာတွေကို တတ်နိုင်သမျှ ရှောင်သင့်တာပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top