Healthy Life Ad
Health Tips

အရက်ဖြတ်သင့်သည့် အကြောင်းပြချက် ငါးရပ်

၊ ဦးမိုး ၊

စိတ်ညစ်တယ်၊ ပင်ပန်းတယ်၊ ကိုယ်လက် ကိုက်ခဲတယ်၊ အိပ်မပျော်ဘူး အစရှိတဲ့ အကြောင်းပြချက် တွေကြောင့် စိတ်နဲ့ ခန္ဓာနာကျင်ဖိစီးမှုမှ လွတ်ပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရက်ကို သောက်ဖြစ်ကြတာ များပါတယ်။ တကယ်တော့ အရက် သောက်တဲ့အခါ အသည်းထိခိုက်တာအပြင် အာဟာရဓာတ်တွေ ယုတ်လျော့တာလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။

အကြောင်းပြချက် (၁) အိုမင်းရင့်ရော်ခြင်း

အရက်ကို ရှောင်သင့်တဲ့ အကြောင်းရင်းတစ်ခုက အရက်ရဲ့ ဆိုးကျိုးတွေကြောင့်ပါ။ အရက်သောက် တာကြောင့် သွေးကြောတွေကို ကျယ်စေတယ်၊ ဗီတာမင် ချို့တဲ့စေတယ်၊ အီစထရိုဂျင်နဲ့ တက်စတိုစတီ ရုန်းဟော်မုန်း ဟန်ချက်မညီ ဖြစ်စေတယ်၊ မျက်နှာမှာ ဝက်ခြံပေါက်စေတယ်၊ ရေဓာတ်ခမ်း ခြောက်စေတယ် အစရှိတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေရဲ့ အကျိုးဆက်က သင့်ကို အိုမင်းစေတာပါ။ နုပျိုကြည့်ကောင်းတဲ့ အသွင်အပြင် ပိုင်ဆိုင်ချင်ရင် အရက်ဖြတ်ရပါမယ်။

အကြောင်းပြချက် (၂) အိပ်ရေးပျက်ခြင်း

အရက်ကို အိပ်ဆေးလို့ အထင်မမှားလိုက်ပါနဲ့။ အိပ်နေစဉ် သင့်ခန္ဓာကိုယ်က အရက်ကို ချေဖျက် လိုက်တာကြောင့် အိပ်စက်မှုစနစ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ ဦးနှောက်ထဲက ဓာတ်တွေကို ထိခိုက်စေပြီး အိပ်စက်မှုစနစ်ကို ထိခိုက်စေပါတယ်။

အကြောင်းပြချက် (၃) ဗီတာမင် ချို့တဲ့ခြင်း

အရက်က ခန္ဓာကိုယ်မှာ အဓိက လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်ဓာတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ အနေနဲ့ ရင်သားကင်ဆာကနေ ပူပင်သောက များတာအထိ ဖြစ်တတ်ပါတယ်။

အကြောင်းပြချက် (၄) အသည်းထိခိုက်ခြင်း

အရက်ကြောင့် အသည်း ထိခိုက်စေနိုင်ပါ တယ်။ အသည်းဟာ ဟော်မုန်းစွန့်ထုတ်မှု၊ အဆီစွန့်ထုတ်မှု၊ အဆီလောင်ကျွမ်းမှုနဲ့ အဆိပ်ဖြေမှုစတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ပေးတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အရက်ကြောင့် အသည်းထိခိုက်ရင် အဆီလောင်ကျွမ်းနှုန်း ပျက်ရာက အသည်းထိခိုက်ရတာပါ။

အကြောင်းပြချက် (၅) စွဲလမ်းမှု ပြဿနာ

အရက်စွဲတာကြောင့် ခြေတုန်လက်တုန် ဖြစ်တာ၊ တက်တာ၊ သတိလစ်ချင်သလိုလို ဖြစ်တာ၊ တုန်ယင်တာနဲ့ လှုံ့ဆော်မှုမဲ့ အာရုံမှားတွေ ခံစားရတာ စတဲ့ ဝေဒနာလက္ခဏာတွေ ရတတ်ပါတယ်။

(Def; HD)

Most Popular

Healthy Life Ad
To Top