Healthy Life Ad
Health Tips

အဆုတ်ကင်ဆာဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်းများ

၊ မီမိုး(ဆေးဝါးတက္ကသိုလ်) ၊

မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေက DNA ထိခိုက်မှု ဖြစ်ရာက ဆဲလ်တွေပြောင်းလဲကာ တဖြည်း ဖြည်းနဲ့ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲကို မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေ ဝင်ရောက်စေတဲ့ အကြောင်းရင်းတွေကို ရှောင်သင့်ပါတယ်။

– စီးကရက်သောက်ခြင်း

အဆုတ်ကင်ဆာ ဖြစ်နှုန်း ၉၀ ရာခိုင်နှုန်းခန့်က စီးကရက်သောက်လို့ ဖြစ်ရတာပါ။ ဆေးလိပ်သောက် သူတွေက ဆေးလိပ် မသောက်သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နှုန်း ၂၄ ရာခိုင်နှုန်း ပိုများတယ်လို့ သုတေသန လေ့လာမှုအရ သိရပါတယ်။

– တစ်ဆင့်ခံ ဆေးလိပ်ငွေ့များ

ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရတာကြောင့် ဓာတုပစ္စည်း ထိတွေ့ရာက အဆုတ်ကင်ဆာ ဖြစ်နှုန်း များတတ်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရတာကြောင့် သင့်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

– ကျောက်ဂွမ်းမှုန့်များ

ကျောက်ဂွမ်းမှုန့်ထဲမှာ ဆီလီကိတ် အမျှင်လေးတွေ ပါဝင်တာကြောင့် အဆုတ်ကင်ဆာ ဖြစ်စေနိုင် ပါတယ်။ ကျောက်ဂွမ်းမှုန့်က အသက်ရှူလမ်းကြောင်း စနစ်ကို ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

– မျိုးရိုး

အဆုတ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း တစ်ခုက မျိုးရိုးလိုက်လို့ပါ။ ဒါကြောင့် ဆွေမျိုးအရင်း အချာထဲမှာ အဆုတ်ကင်ဆာ ဖြစ်သူရှိရင် အဆုတ်ကင်ဆာ အတွက် စစ်ဆေးမှု ခံယူသင့်ပါတယ်။

– ညစ်ညမ်းသော လေထု

ညစ်ညမ်းတဲ့ လေထုကို ရှူရှိုက်နှုန်း များတဲ့ မြို့ပြမှာ နေသူတွေက လေကောင်းလေသန့်ရတဲ့ ကျေး လက်တောရွာမှာ နေသူတွေထက် အဆုတ်ကင်ဆာ ဖြစ်နှုန်း ပိုများတယ်လို့ လေ့လာမှုအရ သိရပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top