Healthy Life Ad
Health Tips

ငှက်ပျောသီးသုံးရုံနဲ့ ဝက်ခြံကင်းတဲ့ အလှပိုင်ရှင်ဖြစ်စေရမယ်

၊ ငွေကြယ်စင်ယံ ၊

ဝက်ခြံဖုတွေကြောင့် မေ့မျက်နှာ အလှပျက်နေပြီလား။ သင့်အိမ်မှာ ငှက်ပျောသီးရှိရုံနဲ့ ဝက်ခြံတွေကို ဖယ်ရှားနိုင်ပါတယ်။

(၁) ငှက်ပျောသီးမှည့်တစ်လုံးကို စားပါ။

(၂) ငှက်ပျောခွံကို သေးငယ်တဲ့ အစိတ်အပိုင်းတွေဖြစ်အောင် လှီးဖြတ်လိုက်ပါ။

(၃) ငှက်ပျောခွံအတွင်းဘက်နဲ့ ဝက်ခြံဖုရှိတဲ့ အရေပြားနေရာပေါ် ညင်ညင်သာသာ ပွတ်သပ်ပေးပါ။ အချိန် ငါးမိနစ်လောက်ပွတ်ပေးပါ၊ ဒါမှမဟုတ် ငှက်ပျောခွံအတွင်းဘက် အညိုရောင်သမ်းတဲ့အထိ ပွတ်ပေးပါ။ အညိုရောင်သမ်းသွားပြီဆိုရင် တခြားငှက်ပျောခွံတစ်ခု အစားထိုးပြီး ပွတ်ပေးပါ။

(၄) ငှက်ပျောသီးခွံသုတ်ထားတဲ့ အရေပြားခြောက်သွားရင် မျက်နှာကို ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။

(၅) ဒီနည်းလမ်းကို တစ်နေ့အနည်းဆုံး သုံးကြိမ်လောက် ပြုလုပ်ပေးပါ။

ဝက်ခြံဖု သိသိသာသာ လျော့ပါးသွားတဲ့အထိ နေ့စဉ် သုတ်လိမ်းပေးလိုက်ရင် ရက်အနည်းငယ်အတွင်း အသားအရေ ကြည်လင်ရှင်းသန့်သွားတာကို သင်တွေ့ရမှာဖြစ်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top