Healthy Life Ad
Health Tips

မျက်နှာသစ်ဆေး ဘာကြောင့် အရေးကြီးတာလဲ

၊ ငွေကြယ်စင်ယံ ၊

ကိုယ်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို မရွေးချယ်မိတာကြောင့် မျက်နှာပေါ်က အညစ်အကြေး၊ ဖုန်မှုန့်၊ အဆီနဲ့ ချွေးပေါက်ပိတ်ဆို့စေတဲ့ အမှုန်အမွှားတွေအားလုံး မကင်းစင်တဲ့အခါ မျက်နှာမှာ ဝက်ခြံအဖုအပိမ်ပေါက်တာ၊ အမည်းစက်ထင်ကျန်တာ၊ ဆားဝက်ခြံထွက်တာ၊ ချွေးပေါက်ကျယ်တာ အစရှိတဲ့ ပြဿ     နာအဖုံဖုံကျရောက်တတ်ပါတယ်။

မျက်နှာသစ်ဆေး ရွေးချယ်တဲ့အခါ အနံ့အသက် မွှေးလွန်းတာကို ရှောင်သင့်ပါတယ်။ အနံ့အသက်မွှေးလွန်းရင် ဓာတုပစ္စည်းပါဝင်မှုများနေတာ ဖြစ်နိုင်လို့ပါ။

မျက်နှာသစ်ဆေး ရွေးချယ်တဲ့အခါ အပျော့စားဆပ်ပြာကို ရွေးချယ်ပါ။ အပြင်းစားဆပ်ပြာတွေက မျက်နှာသစ်ပြီးတဲ့အခါ အသားအရေကို ခြောက်သွေ့တောင့်တင်းပြီး ဆွဲဆန့်နိုင်စွမ်း လျော့ကျသွားတတ်ပါတယ်။

မျက်နှာသစ်ဆေး ရွေးချယ်တဲ့အခါ မျက်နှာပေါ်က အညစ်အကြေး၊ ဖုန်မှုန့်၊ ပိုးမွှား၊ ညစ်ညမ်းတဲ့ လေထုအငွေ့အသက် စတာတွေအားလုံး ကင်းစင်သွားစေမယ့် အမျိုးအစားကို ရွေးချယ်ပါ။ ဒါမှသာ အသားအရေက ကလေးငယ်အသားအရေလို ကြည်လင်တောက်ပနေမှာပါ။

မျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ညင်ညင်သာသာ သန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာသစ်တဲ့အခါ ကြက်သီးနွေးရေကိုသုံးပြီး သစ်ပေးနိုင်ပါတယ်။ (ပူလွန်းတဲ့ ရေကိုမသုံးသင့်ပါ) မျက်နှာသစ်ပြီးတဲ့အခါ တဘက်နဲ့ ခပ်ကြမ်းကြမ်း မသုတ်သင့်ပါဘူး။ အသာအယာပဲ သုတ်ပေးရမှာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top