Healthy Life Ad
Health Tips

ဆေးမသောက်ဘဲ အဖျားကျအောင်

စူး (ဆေးဝါးတက္ကသိုလ်)

ဖျားတဲ့အခါဆေးမသောက်ဘဲ မိမိရဲ့ကိုယ်ခံအားစနစ်နဲ့ ပြန်လှန်တွန်းလှန်နိုင်ပြီး ကျန်းမာလာစေဖို့ လုပ်ဆောင်နိုင်မယ့် အလွယ်နည်းတွေကို မျှဝေလိုက်ပါတယ်။

-ခြေထောက်နဲ့ ခြေဖျားတွေကို နွေးထွေးနေအောင် ခြေအိတ်ဝတ်ထားပါ။

-ရေများများသောက်ပါ။

-အဖျားရှိနေရင် နဖူးပေါ် ရေခဲဝတ်ကပ်ပေးပါ။

-ချင်း(ဂျင်း)ခတ်ထားတဲ့ ကြက်စွပ်ပြုတ်ပူပူသောက်ပါ။

-ကြက်သီးနွေးရေနဲ့ ရေချိုးပေးပါ။

-ဖျားနေချိန်အတောအတွင်း အစာများများမစားဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆန်ပြုတ်၊ စွပ်ပြုတ်၊ အရည်စတာတွေကို သောက်ပေးပါ။

-အဖျားရှိနေချိန် ကောင်းကောင်းအနားရ အိပ်မောကျသွားစေဖို့ ဗာဒံစေ့နဲ့တူတဲ့ Almond သစ်စေ့၊ ငှက်ပျောသီး၊ ချယ်ရီသီးတို့ကို စားပေးပါ။

-ကြက်သွန်ဖြူက အအေးမိဝေဒနာကို တွန်းလှန်ပေးနိုင်တဲ့ အကောင်းဆုံးအစာပါ။ ရေတစ်ခွက်ထဲမှာ ကြက်သွန်ဖြူအမြွှာ အနည်းငယ်ထည့်ပြုတ်ပြီး အအေးခံလိုက်ပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး အအေးမိဝေဒနာပျောက်ကင်းတဲ့အထိ တစ်နေ့၂-၃ကြိမ် သောက်ပေးပါ။

 

နောက်တစ်ကြိမ်မဖျားနာစေမည့် နည်းလမ်းကောင်းများ

– နေ့စဉ် အချိန်၁၀မိနစ်ခန့် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တဲ့လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။

– လက်ဖက်စိမ်းလက်ဖက်ရည်သောက်ပါ။

– ညင်သာပျော့ပျောင်းတဲ့ လေ့ကျင့်ခန်းတချို့ကို လုပ်ဆောင်ပေးပါ။

– ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပင်ထွက်အစားအသောက်တွေကို စားပေးပါ။

– ဟင်းလျာချက်ပြုတ်စားသောက်ရာမှာ ပင်စိမ်း၊ တရုတ်နံနံ၊ ချင်း(ဂျင်း)၊ နနွင်းမှုန့် အစရှိတဲ့ ဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်စားပေးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top