———၊ ငွေကြယ်စင်ယံ ၊———
ချောကလက်ကို စွယ်စုံရအစာဆိုပြီး အစာတွေကို အရသာရှိအောင် ထည့်စားတတ်သလို သရေစာအဖြစ်လည်း အဓိက စားလေ့ရှိပါတယ်။ ချောကလက်နဲ့ တွဲဖက်စားသင့်တဲ့ အစာတွေရှိပါတယ်။
ချောကလက်နှင့် ပြောင်းဖူးပေါက်ပေါက်
ပူနွေးနေတဲ့ ပြောင်းဖူးပေါက်ပေါက်ထဲကို အညိုရောင်ချောကလက်အရည် လောင်းထည့်လိုက်ရင် အရသာရှိစေပြီး ကျန်းမာရေးကောင်းကျိုး များစေပါတယ်။
ချောကလက်နှင့် ဒိန်ချဉ်
အေးခဲနေတဲ့ ဒိန်ချဉ်ထဲကို အညိုရောင်ချောကလက်အရည် ထည့်စားတာကြောင့် အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ် ပိုမိုတိုးစေပါတယ်။
ချောကလက်နှင့် ပဲစိမ်း
ပြုတ်ထားတဲ့ ပဲစိမ်းနဲ့ အညိုရောင်ချောကလက် တွဲဖက်စားတာကြောင့် အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာဖြစ်စေပါတယ်။
အညိုရောင်ချောကလက်၏ ကောင်းကျိုးများ
အညိုရောင်ချောကလက်မှာ အင်တီအောက်ဆီးဒင့်များများ ပါဝင်တာကြောင့် နှလုံးသွေးကြောထဲမှာ အဆီပိတ်ဆို့မှုမဖြစ်အောင် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။
အညိုရောင်ချောကလက်မှာ မိုနိုမပြည့်ဝဆီ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ကောင်းကျိုးရှိစေပါတယ်။
အညိုရောင်ချောကလက်မှာပါတဲ့ ဖီနိုင်းအီသိုင်းလမင်းဟာ ဦးနှောက်ဆဲလ်တွေကို အန်ဒေါ်ဖင်ထွက်ရှိအောင် လှုံ့ဆော်ပေးတာကြောင့် ပျော်ရွှင်စေပြီး စိတ်ဓာတ်ကျတာကို လျော့ပါးစေပါတယ်။
အညိုရောင်ချောကလက်ဟာ သွေးကြောတွေကို ပျော့ပျောင်းစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။
အညိုရောင်ချောကလက်မှာ ဖလေဗနောပါတဲ့အတွက် အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ် မကျရောက်စေဖို့နဲ့ အမည်းစက်မထင်စေဖို့ ကာကွယ်ပေးပါတယ်။
အညိုရောင်ချောကလက်မှာပါတဲ့ သီအိုဘရိုမင်းဟာ သွားကြွေလွှာတွေကို မာကျောစေပါတယ်။
(Ref;TOI)