စူး (ဆေးဝါးတက္ကသိုလ်)
(၁) အမျှင်ဓာတ်များသည့် အစာ
အမျှင်ဓာတ်များတဲ့ အစာတွေက ဝမ်းညှစ်မသွားရဘဲ ဝမ်းပျော့ပျော့သွားရစေတဲ့အတွက် လိပ်ခေါင်းကြောင့် နာကျင်ရောင်ရမ်းမှုဝေဒနာနဲ့ ယားယံတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။
(၂) လိပ်ခေါင်းလိမ်းဆေး
ဆေးဆိုင်တွေမှာ ကိုယ့်ဘာသာ ဝယ်လို့ရတဲ့ လိပ်ခေါင်းလိမ်းဆေးခရင်မ်တွေကို လိပ်ခေါင်းကြောင့် နာကျင်နေတဲ့ နေရာတွေမှာ လိမ်းပေးနိုင်ပါတယ်။
(၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်စားတာကြောင့် လိပ်ခေါင်းကို ချက်ချင်းသက်သာစေပြီး အစာကြေစေပါတယ်။
(၄) ဆားရေနွေးထဲ စိမ်ခြင်း
ဆားရေနွေးထဲစိမ်ပြီး ထိုင်တာက လိပ်ခေါင်းကြောင့် နာကျင်မှုဝေဒနာကို ချက်ချင်းသက်သာစေပြီး လိပ်ခေါင်းနေရာတဝိုက် ရောင်ရမ်းမှုလျော့ပါးစေပါတယ်။
(၅) ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရေနဲ့ဖျော်သောက်တာကြောင့် လိပ်ခေါင်းနာကျင်မှုဝေဒနာနဲ့ ယားယံတဲ့ဝေဒနာကို သက်သာစေပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)