၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
ကိုယ်အလေးချိန်များနေသူတွေအတွက် ကိုယ်အလေးချိန် လျော့ကျစေနိုင်မယ့် ဟင်းခတ် အမွှေးအကြိုင်တချို့ကို သင့်အိမ်ထဲမှာ အလွယ်တကူရနိုင်ပါတယ်။
– ချင်း (ဂျင်း)
ချင်း(ဂျင်း)ဟာ အစာစားချင်လွန်းတဲ့ စိတ်ဖြစ်ပေါ်မှုကို လျော့ကျစေပြီး တချို့အစာတွေကို စားချင်စိတ် ထိန်းချုပ်ပေးနိုင်ပါတယ်။ အူလမ်းကြောင်းကို အနားရစေပါတယ်။
– ငရုတ်ပွသီး
ငရုတ်ပွသီးမှာ ကပ်ဆိုက်စင်ဓာတ်ပါဝင်တာကြောင့်အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။
– နနွင်းမှုန့်
နနွင်းမှုန့်မှာ ကာကူမင်ဒြပ်ပေါင်း ပါဝင်တဲ့အတွက် အဆီတစ်သျှူးဖြစ်ပေါ်မှုကို လျော့ကျစေပါတယ်။
– မုန်ညင်းစေ့
မုန်ညင်းစေ့စားပြီး နာရီပိုင်းအတွင်း ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။
– သစ်ကြံပိုးခေါက်မှုန့်
သစ်ကြံပိုးခေါက်မှုန့်ကိုစားပေးရင် သွေးတွင်း သကြားဓာတ်ထိန်းပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ကာဗိုဟိုက်ဒရိတ်ဖြစ်ပျက်မှုကို ကောင်းစေပါတယ်။
– ငရုတ်ကောင်းမှုန့်
ငရုတ်ကောင်းမှုန့် စားတာကြောင့် အစာကြေညက်စေပြီး အာဟာရစုပ်ယူမှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်မှု ကိုကောင်းမွန်စေပါတယ်။
(Def; HD)