(၁) အလုပ်တွေကို ရှုပ်နေအောင် လုပ်ပစ်လိုက်ပါ။ (၂) ကိုယ့်အတွက် အမြဲအဆင်သင့်ရှိနေတဲ့သူ (ဥပမာမိသားစုဝင်)တွေနဲ့ အချိန်အများကြီးပေးပြီး စကားတွေပြောလိုက်ပါ။ (၃) အဲဒီတစ်ယောက်အကြောင်း တွေးမိတိုင်း အတွေးတွေကိုရပ်ပစ်လိုက်ပါ။ (၄) ည ၁၁ နာရီမထိုးခင် အိပ်စက်အနားယူပါ။ (၅) ပြုံးပါ၊ ပြုံးဖြစ်အောင်ပြုံးပါ...
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။ Q. အ၀လွန်တာက မြန်မာနိုင်ငံမှာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုလို့ ဆိုနိုင်ပါသလား ဆရာ။ TT(FB) A. ၀တဲ့သူနဲ့ ပိန်တဲ့သူတွေကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ ၀တဲ့သူတွေက ရောဂါဖြစ်နှုန်း ပိုများတာကို တွေ့ရပါတယ်။ ၀ရင်...
သွားနှင့်ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး Q. သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ သွားရောဂါတွေကို သိပါရစေ ဆရာ။ A. သက်ကြီးပိုင်းတွေမှာ လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွားပိုးစားရောဂါတွေက တော်တော်အဖြစ်နည်းသွားပါတယ်။ အဖြစ်များတဲ့ ရောဂါတွေက ရေစီးကမ်းပြိုရောဂါ (Chronic Periodontitis) နဲ့ သွားဖုံးရောဂါတွေ ဖြစ်ကြပါတယ်။...
ကိုယ်တစ်ယောက်တည်း ပင်ပန်းနေသလို ခံစားနေရသလား • အပြင်ထွက်ပါ၊ လမ်းလျှောက်ပါ၊ ခြေသလုံးတွေကို ဆန့်ထုတ်ပြီး လမ်းလျှောက်ပါ။ • ရေသောက်ပါ။ • မိနစ် ၂၀ ခန့် တစ်ရေးအိပ်စက် အနားယူလိုက်ပါ။ • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာစားပါ။ •...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ (၁) ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုဆေးကြောသင့်ပါသလဲ ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို မဆေးကြောခင်မှာ အရင်ဆုံး လက်တွေကို သေချာဆေးလိုက်ပါ။ လက်နှစ်ဖက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးရပါမယ်။...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) နေအိမ်များအပါအဝင် အဆောက်အဦတို့ရှိ ပြတင်းပေါက်များကို ဖွင့်ထားခြင်းက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို လျော့ကျစေနိုင်ဖွယ်ရာရှိကြောင်း သိပ္ပံပညာရှင်တို့ ယုံကြည်ထားကြသည်။ အော်ရီဂွန်တက္ကသိုလ်နှင့် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကျန်းမာရေးနှင့် ပိုးမွှားဗေဒဆိုင်ရာ ကျွမ်းကျင်သူများကို COVID-19 ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ပိုးမွှားများကို လက်တလောလေ့လာခဲ့သည်။ လေ့လာမှုအရ...
ဒေါက်တာတင့်ဆွေ ဆရာရှင့် နားထဲမှာ Air-corn စက်လည်သံ၊ ပုရစ်အော်သံလို မည်နေပါသည်။ အကျယ်ကြီး မဟုတ်ပါ။ ဘေးမှအသံများရှိပါက မသိသာပါ။ တိတ်ဆိတ်နေလျှင် တိုးတိုးလေးကြားနေရပါသည်။ ခေါင်းမမူးပါ။ ခေါင်းမကိုက်ပါ။ မျက်နှာနည်းနည်းတင်းပါသည်။ ဇက်ကျီးပေါင်းရှိပါသည်။ ၂ ပါတ်ခန့်ရှိပါပြီ။ ရိုးရိုးဆရာဝန်ကတော့ အားနည်းခြင်းကြောင့်ဟု ပြောပါသည်။...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) မခင်ခင်စီသည် ပုံမှန်အတိုင်း ကျန်းမာစွာနေထိုင်ရင်း ၂၀၁၅ ခုနှစ်၊ အသက် ၄၅ နှစ်အရွယ်တွင် အစားအသောက်စားသောက်ရာတွင် နင်သည့်ဝေဒနာ စဖြစ်ခဲ့သည်။ “ကင်ဆာရယ်လို့ မသိခင် စခံစားရတာတွေက အစာစားရင် အရမ်းနင်တာ။ ငယ်ငယ်ကတည်းက အစာနင်တာ၊ ဆေးနင်တာတွေက ဖြစ်နေကျဆိုတော့...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) တရုတ်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေးများကို လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် ခွင့်ပြုခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဧပြီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ တပ်သိပ္ပံအကယ်ဒမီလက်အောက်ရှိ တပ်မတော်ဆေးဝါးတက္ကသိုလ်မှ Chen Wei ဦးဆောင်သည့် သုတေသနအဖွဲ့က တီထွင်ခဲ့သော...
စူး (ဆေးဝါးတက္ကသိုလ်) ညဘက်မှာ မကြာခဏ ဆီးသွားတာက အသက်ကြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ သက်ကြီးအမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာ (Benign Prostate Hyperplasia) ကြောင့် ဖြစ်ပါတယ်။ ကြီးနေတဲ့ ဆီးကျိတ်ဟာ ဆီးပြွန်ချောင်းလို့ခေါ်တဲ့ပြွန်မှာ...