ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) ကျွန်မတို့တစ်တွေမှာ အကျင့်အမျိုးမျိုး ရှိကြပါတယ်။ ကောင်းတာရော၊မကောင်းတာရောပေါ့။ ပြင်ပ လူနာဌာနမှာ ခဏခဏတွေ့ရတာက အပြင် နားရောင်တဲ့ လူနာတွေပါ။ ဘာအလုပ်မှမရှိ၊ အားနေရင် နားဖာချေးကလော်၊ နားကိုကြပ်၊...
နားကြပ်တံက နားအတွင်းထဲကို နားဖာချေးပိုပြီး တိုးဝင်အောင် ပြုလုပ်ရာရောက်လို့ပါ။ ဒီနည်းနဲ့ နားစည်ကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအခါ အကြားအာရုံ လျော့ပါးတတ်ပါတယ်။ တကယ်တော့ နားဖာချေးက နားကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ နားစည်ကို ပြင်ပပစ္စည်းတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ အင်းဆက်ပိုးမွှားတွေ မဝင်အောင်နဲ့ ဖန်းဂတ်စ်မှိုပေါက်ပွားမှုမဖြစ်အောင်...