Healthy Life Ad
Health Tips

နားဖာချေးကို နားကြပ်တံထိုးပြီး ဘာကြောင့် မဖယ်ထုတ်သင့်သလဲ

နားကြပ်တံက နားအတွင်းထဲကို နားဖာချေးပိုပြီး တိုးဝင်အောင် ပြုလုပ်ရာရောက်လို့ပါ။ ဒီနည်းနဲ့ နားစည်ကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအခါ အကြားအာရုံ လျော့ပါးတတ်ပါတယ်။

တကယ်တော့ နားဖာချေးက နားကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ နားစည်ကို ပြင်ပပစ္စည်းတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ အင်းဆက်ပိုးမွှားတွေ မဝင်အောင်နဲ့ ဖန်းဂတ်စ်မှိုပေါက်ပွားမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နားဖာချေးက နားစည်ကို စိုစွတ်စေပါတယ်။ ဒါဖြင့် နားဖာချေးကို ဘယ်လိုထုတ်သင့်သလဲ။

နားဖာချေးကို မထုတ်ဘဲ ဒီအတိုင်းထားတာ အကောင်းဆုံးပါ။ တကယ်လို့ နားသန့်ရှင်းဖို့ လိုအပ်လာပြီဆိုရင် ဒါမှမဟုတ် အကြားအာရုံထိခိုက်လာပြီဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးတာ ပိုသင့်တော်ပါတယ်။

နားတွင်းပိုးဝင်ခြင်းအတွက် အကြံပြုချက်

ကြက်သွန်ဖြူက ကူညီနိုင်ပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ အယ်လီစင်ဓာတ်ကြောင့် ပိုးသတ်အစွမ်းရှိပါတယ်။ ဒါကြောင့်ကြက်သွန်ဖြူကို အပ်ချည်ကြိုးမှာချည်ပြီး နားထဲထည့်ပေးပါ။ သက်သောင့်သက်သာမရှိတဲ့အခါ အပ်ချည်ကြိုးနဲ့ ပြန်ဆွဲထုတ်ပေးပါ။ သတိထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top