———၊ လရိပ်မေ ၊———
အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ချွေးများများထွက်အောင် လှုပ်ရှားမှုလုပ်တာက သင့်ကျန်းမာရေးအတွက် ကောင်းကျိုးရှိပါတယ်။ အဲဒီအထဲက တချို့ကောင်းကျိုးတွေကတော့-
• နှလုံးသွေးကြောရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်း၊
• ဝနေသူတို့အတွက် ကိုယ်အလေးချိန်ကျစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း၊
• စိတ်ဖိစီးမှုအဆင့် လျော့ကျခြင်း၊
• အသားအရေ ကျန်းမာချောမွေ့ပြီး ဝင်းပခြင်း၊
• အဆစ်တောင့်တင်းနာကျင်မှု သက်သာခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ဒီလိုကောင်းကျိုးတွေရဖို့ သင်အနှစ်သက်ဆုံး လေ့ကျင့်ခန်းကို ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးဖို့လိုပါတယ်။
