Healthy Life Ad
Life Style

ခံတွင်းရနံ့ သင်းပျံ့ပါစေ . . .

———၊ ဇွန် ၊———

အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေဟာ သွားဖုံးတွေ၊ လျှာတွေနဲ့ သွားတွေမှာ ကပ်ညိနေတတ်တာကြောင့် သွားနဲ့ခံတွင်း သန့်စင်ထိန်းသိမ်းမှုကို စနစ်တကျမလုပ်ရင် ခံတွင်းအနံ့ဆိုး ထွက်နေနိုင်ပါတယ်။

ခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းအောင် အမြန်ကုသနည်း

ပါးစပ်ခြောက်တာဟာ အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေအတွက် နားခိုရှင်သန်ရာ နေရာကောင်းပါပဲ။ ဒါကြောင့် အာခြောက်နေရင် ရေကိုမြန်မြန်သောက်လိုက်ပါ။ ရေဟာ ဘက်တီးရီးယားပိုးတွေကို ယာယီကင်းစင်သွားစေပြီး အနံ့ဆိုးသက်သာစေပါတယ်။

နေ့လယ်စာ ဒါမှမဟုတ် ညစာစားပြီးတဲ့အခါမှာ တရုတ်နံနံကို စားပေးပါ။ တရုတ်နံနံမှာပါဝင်တဲ့ ကလိုရိုဖီးလ်ဟာ ခံတွင်းအနံ့ကို သင်းပျံ့စေပြီး ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်တဲ့ စွမ်းအင်တွေရှိနေပါတယ်။

alignnone size-medium wp-image-61723

သင့်ဆီမှာ လိမ္မော်သီး အလွယ်တကူရှိနေရင် အခွံနွှာပြီး စားလိုက်ပါ။ လိမ္မော်သီးထဲက စစ်ထရစ်အက်စစ်တွေဟာ တံတွေးဂလင်းတွေကို လှုံ့ဆော်ပေးပြီး ခံတွင်းရနံ့သင်းပျံ့စေတဲ့ တံတွေးတွေကို စီးဆင်းစေပါတယ်။

လိမ္မော်သီးမရှိရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အနံ့စူးရှတဲ့ အစားအစာတွေကလွဲရင် ကျန်တဲ့အစာတွေကို စားပေးနိုင်ပါတယ်။ အစာစားလိုက်တာဟာ တံတွေးအထွက်နှုန်းကောင်းစေပြီး လျှာအနောက်က အနံ့ဆိုးထွက်စေတဲ့ ပိုးတွေကို ကင်းစင်စေပါတယ်။

လျှာတွေကိုခြစ်ပေးပါ။ လျှာပေါ်မှာ ပရိုတင်းအချဉ်ပေါက်ရာက ထွက်လာတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ပြည့်နေတာကြောင့် အနံ့ဆိုးထွက်တတ်ပါတယ်။ လျှာကိုခြစ်ပြီးတဲ့အချိန်မှာ ပလုတ်ကျင်းပေးပါ။

alignnone size-medium wp-image-61721
ခံတွင်းအနံ့ သင်းပျံ့စေမည့် ဟင်းခတ်အမွှေးအကြိုင်များ

လေးညှင်းမှာ အစွမ်းထက်ဘက်တီးရီးယားသတ်ဆေး Eugeno များစွာပါဝင်ပါတယ်။ လေးညှင်းအနည်းငယ်ကို ပါးစပ်ထဲထည့်ပြီး အဆီထွက်လာတဲ့အထိ ကြိတ်ဝါးပေးပါ။ အဆီထွက်လာမှ ထွေးထုတ်လိုက်ပါ။

စမုံစပါးစေ့၊ စမြိတ်စေ့၊ ဖာလာစေ့ စတာတွေကို ကြိတ်ဝါးပါ။ စမုံစပါးစေ့ဟာ နွယ်ချိုလိုအရသာမျိုးရှိကာ လျှာပေါ်မှာပေါက်ပွားနေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ တခြားအစေ့တွေကတော့ အနံ့ဆိုးကို ဖုံးထားပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက် အနည်းငယ်ငုံပါ။ ပိုးသတ်အာနိသင်ရှိပါတယ်။

alignnone size-medium wp-image-61722
ခံတွင်းရနံ့သင်းပျံ့စေသောဆေး

ကလိုရင်းဒိုင်အောက်ဆိုက်ပါတဲ့ ခံတွင်းရနံ့သင်းပျံ့စေတဲ့ ဆေးရည်ဟာ အနံ့ဆိုးထွက်စေတဲ့ ဆာလဖာဒြပ်ပေါင်းကို လျော့ပါးစေပါတယ်။

လက်ဖက်စိမ်းဆီပါတဲ့ သွားတိုက်ဆေးဟာလည်း သဘာဝပိုးသတ်အာနိသင် ရှိပါတယ်။

Most Popular

Healthy Life Ad
To Top