Healthy Life Ad
Life Style

ကိုယ်နံ့ဆိုးထွက်တာကို သဘာဝနည်းလမ်းတွေနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တချို ့လူတွေမှာ ငါးညှီနံ့လို စူးရှတဲ့ ကိုယ်နံ့ဆိုးထွက်တာကို တွေ့ရပါတယ်။ အဲဒီအနံ့ဆိုးကင်းစေဖို့ ကျွမ်းကျင်ဆရာဝန်တွေက အခုလိုအကြံပြုထားကြပါတယ်။

အရေပြားအထူးကု ဆရာဝန်တစ်ဦး၏ အကြံပြုချက်

“ဘက်တီးရီးယားက သင့်အရေပြားပေါ်မှာ ရေ ဒါမှမဟုတ် ချွေးနဲ့ ပေါင်းစပ်ရာက သဘာဝအတိုင်းပေါက်ပွားပြီး ကိုယ်နံ့ဆိုးထွက်တတ်ပါတယ်။ အနံ့အသက် သင်းပျံ ့စေဖို့ အရေပြားခြောက်သွေ့နေဖို့လိုပြီး ချိုင်းကြားလို ချွေးစိုနေနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ခြောက်သွေ့နေအောင် ထားရပါမယ်”

ဘယ်လိုဖြေရှင်းသင့်သလဲ

လက်ဖက်ဆီလို သဘာဝချွေးပေါက် ကျဉ်းစေတဲ့အစွမ်းပါတဲ့ ရေချိုးဆပ်ပြာနဲ့ ရေချိုးရင် ချွေးပေါက်ကျဉ်းစေပြီး ချွေးထွက်တဲ့ပမာဏကိုပါ ထိန်းချုပ်ပေးနိုင်ပါတယ်။ ပြီးရင် အစိုဓာတ်ကိုစုပ်ယူဖို့ ပေါင်ဒါမှုန့်လိမ်းပေးပါ။ ပိုတက်ဆီယမ် ဒါမှမဟုတ် အမိုနီယမ်အလမ် (Ammonium alum) ပါတဲ့ သဘာဝချွေးထိန်းတောင့်ကို လိမ်းပါ။

အာဟာရပညာရှင်တစ်ဦး၏ အကြံပြုချက်

“ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီပွင့်တို့လို အစာတွေမှာ ဆာလဖာသတ္တုဓာတ် ပါဝင်တာကြောင့် အရေပြားကနေ အနံ့အသက် ထွက်စေပါတယ်”

ဘယ်လိုဖြေရှင်းသင့်သလဲ

အစာကြေဖို့ခက်ခဲတဲ့ ဂလူတင်၊ အနီရောင်အသားတွေကို မစားပါနဲ့။ ဒါ့အပြင် အမျှင်ဓာတ်ရရှိစေဖို့ နှမ်းကြတ်စေ့၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာတွေကို စားပေးပါ။ တစ်နေ့မှာ ရေရှစ်ဖန်ခွက်နဲ့အထက် သောက်ပေးရင် ကိုယ်တွင်းအဆိပ်အတောက်တွေကို ပြေစေပါတယ်။

အထွေထွေဆရာဝန်တစ်ဦး၏ အကြံပြုချက်

“မှိုကူးစက်ပိုးတွေက ငါးညှီနံ့ထွက်စေသလို မျိုးရိုးလိုက်တဲ့ ရောဂါတချို့ကလည်း ငါးညှီနံ့နံတဲ့ရောဂါစုကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ သင့်ခန္ဓာကိုယ်က ထရိုင်မီသိုင်လမင်းလို သြဂဲနစ်ဒြပ်ပေါင်းကို ကောင်းကောင်းမချေဖျက်နိုင်လို့ပါ”

ဘယ်လိုဖြေရှင်းသင့်သလဲ

ငါးညှီနံ့နံတဲ့ရောဂါစု ခံစားနေရရင် နွားနို့၊ ဥအမျိုးမျိုး၊ တိရစ္ဆာန်အသည်းနဲ့ မြေပဲတို့လို ထရိုင်မီသိုင်လမင်းပါတဲ့ အစာတွေကို များများမစားသင့်ပါ။

Most Popular

Healthy Life Ad
To Top