Healthy Life Ad
Health Tips

သင်မပျော်မရွှင်ဖြစ်နေတယ်လို့ သင့်ခန္ဓာကိုယ်က အချက်ပြနေသည့် နည်းလမ်း ၇ ရပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ပျော်ရွှင်မှုဆိုတာ စိတ်အခြေအနေတစ်ရပ်မျှသာမကဘဲ ဘဝနေထိုင်မှုအပေါ် အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါက ခန္ဓာကိုယ်ထဲက တချို ့ဓာတုဖြစ်စဉ်တွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ဟော်မုန်းတွေက ကျွန်မတို့ကို ပျော်ရွှင်စေသလို စိတ်ခံစားမှုနဲ့ ကြည်နူးမှု ခံစားနိုင်စွမ်းအပေါ်မှာလည်း အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒီဟော်မုန်းတွေ ချို့တဲ့တာကြောင့် ပျော်ရွှင်ခြင်းကင်းမဲ့ပြီး စိတ်ဓာတ်ကျတာတောင် ဖြစ်တတ်ပါတယ်။ ကိုယ်တွင်းမှာ ပျော်ရွှင်မှုဟော်မုန်း လျော့နည်းနေတဲ့အခါ အချက်ပြတတ်တဲ့ သင်္ကေတတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

alignnone size-medium wp-image-60177
(၁) အချိုစာနှင့် အာလူးချောင်းကြော်များစားခြင်း

သင့်ခန္ဓာကိုယ်က သကြားနဲ့ ကစီဓာတ်လိုအပ်နေရင် သင့်မှာ ဆီရိုတိုနင်အဆင့် လျော့နည်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီအစာတွေက ဒီဟော်မုန်းကို အားပေးပါတယ်။ အချိုစာတွေစားလိုက်ရင် သင့်စိတ်ခံစားမှုက ပိုကောင်းသလို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ ဒီပျော်ရွှင်မှုက ခဏလေးပါပဲ။ အချိုစားလို့ရတဲ့ ပျော်ရွှင်မှုဟော်မုန်းက ချက်ချင်းပြန်ကျသွားကာ မကြာခင်မှာ ဒါတွေကို ပြန်စားချင်စိတ် ဖြစ်လာပါလိမ့်မယ်။

alignnone size-medium wp-image-60178
(၂) ကိုယ်အလေးချိန်မြင့်တက်ခြင်း

ဒိုပါမင်းအဆင့် လျော့နည်းတာက ကိုယ်အလေးချိန်မြင့်တက်စေနိုင်ပါတယ်။ မပျော်ရွှင်တဲ့အချိန်မှာ အချိုစာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို အလွန်အမင်းစားဖြစ်ရာက ဝိတ်တက်တာလည်း ဖြစ်တတ်ပါတယ်။

alignnone size-medium wp-image-60179
(၃) ရင်သားတင်းခြင်း

အမျိုးသမီးတစ်ယောက်မှာ အီစထရိုဂျင်ဟော်မုန်းအဆင့် လျော့နည်းတဲ့အခါ ရင်သားတင်းတာ ဖြစ်တတ်ပါတယ်။ ရာသီလာချိန်အတွင်းမှာဆိုရင် သိသိသာသာ ခံစားရတတ်ပါတယ်။ ဒီဟော်မုန်းနည်းတာကလည်း စိတ်ခံစားမှုကို သက်ရောက်စေပြီး မပျော်မရွှင်ဖြစ်နေတတ်ပါတယ်။

alignnone size-medium wp-image-60180
(၄) စာနာစိတ်နည်းပါးနေခြင်း

စာနာစိတ်နဲ့ အောက်ဆီတိုစင်ဟော်မုန်းအကြား ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုတွေက တွေ့ရှိထားပါတယ်။ ဒီအချစ်ဟော်မုန်း အောက်ဆီတိုစင်ဟာ တခြားသူတွေလိုပဲ စိတ်ခံစားမှုကို သက်ရောက်မှုရှိစေပါတယ်။ အောက်ဆီတိုစင်ဟော်မုန်းချို ့တဲ့ရင် တခြားသူတွေအပေါ် စာနာနိုင်ဖို့ ခက်ခဲနေတတ်သလို မျက်နှာအမူအရာတွေကို အကဲခတ်နိုင်စွမ်းလည်း လျော့နည်းနေတတ်ပါတယ်။

alignnone size-medium wp-image-60184
(၅) ခေါင်းကိုက်ခြင်း

စိတ်ခံစားမှုကောင်းစေတဲ့ ပရိုဂျက်စတုန်းဟော်မုန်းချို ့တဲ့ချိန်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီဟော်မုန်းက ကိုယ်ဝန်ဆောင်ချိန်အတွင်း အရေးပါပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စတုန်းဟော်မုန်း လျော့နည်းတဲ့ လက္ခဏာတွေဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားနေတတ်ပါတယ်။


(၆) အိပ်မပျော်ခြင်း

အိပ်မပျော်တာက ဆီရိုတိုနင်ဟော်မုန်းအဆင့် လျော့နည်းတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီဟော်မုန်းချို့ တဲ့တာက စိတ်ခံစားမှုအပြောင်းအလဲကိုလည်း ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း၊ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံရှိခြင်း စတာတွေရှိသူတွေမှာ ဆီရိုတိုနင်အဆင့် လျော့နည်းနေတတ်တဲ့အတွက် အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။

alignnone size-medium wp-image-60182
(၇) ခြေတုန်လက်တုန်ဖြစ်ခြင်း

ဒိုပါမင်းဟော်မုန်းချို့တဲ့တာကြောင့် ခြေတုန်လက်တုန်ဖြစ်နိုင်ပါတယ်။ ကြွက်သားဆွဲဆန့်မှုကြောင့် ခန္ဓာကိုယ်က မရည်ရွယ်ဘဲ တုန်ခါနေရတာပါ။ အများအားဖြင့် လက်တုန်နေတတ်ပါတယ်။ ဒါက အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top