Healthy Life Ad
Health Tips

တစ်နေ့လုံး ကိုယ်လက်လှုပ်ရှားမှုမရှိရင် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ဘာဖြစ်လာနိုင်သလဲ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာတဲ့ဘဝ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်နေ့မှာ မိနစ် ၃၀ ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးဖို့ လိုတာပေါ့။ တကယ်လို့ တစ်နေ့လုံးအထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုကလည်း မရှိရင်တော့ ကြာလာတဲ့အ ခါ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ အခုလို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

♦ အဆုတ်

ကိုယ်လက်လှုပ်ရှားမှုမရှိရင် အဆုတ်က အောက်ဆီဂျင်ရရှိမှု နည်းသွားပါတယ်။

♦ အရေပြား

အာဟာရဓာတ်ချို့တဲ့မှုကြောင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသားအရေနဲ့ ဆံပင်ကျွတ်ခြင်းတို့ကို ဖြစ်စေသလို ကိုယ်လက်လှုပ်ရှားမှုသာ မရှိခဲ့ရင် သွေးလှည့်ပတ်မှုနည်းပြီး အသားအရေနဲ့ ဆံပင်သားကျန်းမာရေး ထိခိုက်စေပါတယ်။

♦ ကြွက်သားနှင့် အဆစ်

ကြွက်သားတွေကို အသုံးမပြုတဲ့အခါ ကြွက်သားထုထည်ဆုံးရှုံးလာပါတယ်။ ကိုယ်အလေးချိန်က အလွယ်တကူ မြင့်တက်လာပြီး အဆစ်အားနည်းလာပါတယ်။

♦ နှလုံး

ကိုယ်လက်လှုပ်ရှားမှုမရှိရင် နှလုံးကြွက်သားတွေ အားနည်းလာပြီး အခြေခံလှုပ်ရှားမှုလေးတွေ လုပ်ဖို့တောင် ဒဏ်ဖြစ်လာပါတယ်။

♦ အစာအိမ်နှင့် အူလမ်းကြောင်း

ကိုယ်လက်လှုပ်ရှားမှုမရှိရင် ဝမ်းချုပ်စေနိုင်ပါတယ်။

♦ အရိုး

ကိုယ်လက်လှုပ်ရှားမှုမရှိရင် အရိုးတွေအားနည်းပြီး အရိုးပါးရောဂါ ဖြစ်စေနိုင်ပါတယ်။

♦ အခြားအင်္ဂါအစိတ်အပိုင်းများ

ကိုယ်လက်လှုပ်ရှားမှုမရှိရင် ခန္ဓာကိုယ်က ပိုအားနည်းလာပြီး နာမကျန်းမှု ပိုဖြစ်လွယ်လာပါတယ်။ ခေါင်းကိုက်ခြင်း၊ စိတ်ခံစားမှုလျော့နည်းခြင်းနဲ့ အာရုံစိုက်နိုင်စွမ်းမှာ အခက်အခဲရှိခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top