———၊ ဟန်တိုးစံ ၊———
ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home အမိန်ထပ်ပြီး ထုတ်ပြန်ရင် Ration အချိုးကျစနစ်နဲ့ အခြေခံစားကုန်တွေ ဖြန်ဖြူးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
ရန်ကုန်မြို ့နေ ပြည်သူ ၇ သန်းခန့်ရဲ့ နေ့စဉ်စားသောက်ရေးအတွက် Ration စနစ်နဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်ထောင်စုအလိုက် ဖြန့်ဖြူးပေးသွားဖို့ စီစဉ်နေတယ်လို့ စက်တင်ဘာလ ၂၃ ရက်နေ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်ဦးဆောင်သော ဆွေးနွေးပွဲကနေ ထုတ်ပြန်ထားပါတယ်။
“ကျွန်တော်တို့က လိုအပ်လာပြီဆိုရင် ဘာခွဲဝေပေးမလဲဆိုတာပေါ့။ ပစ္စည်းခွဲဝေပေးမလား၊ ပိုက်ဆံပေးမလားဆိုတာတော့ မသိသေးဘူး။ လိုလိုမယ်မယ်ပေါ့။ အစိုးရကထပ်ပြီး Stay at home ကာလတိုးလိုက်ရင် လုပ်ပေးဖို့ဆိုပြီး ဆွေးနွေးခဲ့ကြတာပါ”လို့ ဦးမြင့်လွင်က ပြောပါတယ်။
ထုတ်ပြန်ချက်မှာပါရှိတဲ့ အစိုးရက ပြည်သူတွေကို Stay Home ကာလ ထပ်မံထုတ်ပြန်ပါကဆိုတာကို ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး Lock Down ချသွားမယ်ဆိုပြီး နားလည်မှုလွဲတာတွေ ရှိနေပါတယ်။ အဲဒါကလည်း နားလည်မှုလွဲတာဖြစ်တယ်လို့ ဦးမင်းမင်းက ထပ်မံပြောပါတယ်။