Healthy Life Ad
Q & A

ဒိန်ချဉ်သောက်ရင် ဝမ်းပျက်/ဝမ်းလျှောတယ် . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ဒိန်ချဉ်သောက်တာကြောင့် ကျန်းမာရေးအတွက် ကောင်းတယ်လို့ သိရပါတယ်။ ဘာအတွက်ကြောင့် ကောင်းတာလဲ။ ကျွန်တော်က ဒိန်ချဉ်သောက်ရင် ဝမ်းပျက်/ဝမ်းလျှောတာ ဘာကြောင့်ပါလဲ သိချင်ပါတယ်။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. ဒိန်ချဉ်ထဲမှာ လက်တိုဘက်ဆဲလပ်စ်လို့ခေါ်တဲ့ လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ ဘက်တီးရီးယားပိုး ပါဝင်ပါတယ်။ တိတိကျကျပြောရရင် အူသိမ်၊ အူမကြီးထဲမှာ အကျိုးပြုစေတဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ အူသိမ်၊ အူမကြီးထဲမှာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို နည်းပါးသွားစေတာကြောင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ဝမ်းလျှောဝမ်းပျက်တဲ့ သူတွေမှာတော့ နှစ်ချက်ဖြစ်နိုင်ပါတယ်။ ဒိန်ချဉ်ဆိုတာ နို့နဲ့လုပ်ထားတာဖြစ်လို့ နို့နဲ့ အူနံရံတွေနဲ့ မတည့်တဲ့သူတွေမှာ နို့ထဲကပါတဲ့ လက်တို့စ်ကြောင့် ဝမ်းပျက်တတ်တယ်။ နောက်တစ်ခုက ကိုယ်သောက်တဲ့ ဒိန်ချဉ်ရဲ့ သန့်ရှင်းမှုနဲ့ ဆိုင်တတ်ပါတယ်။ ဒိန်ချဉ်က အချဉ်ဖောက်ထားတာဖြစ်လို့ ကိုယ်သောက်ရမယ့် အချိန်ကာလ ကျော်လွန်သွားတာမျိုး၊ နို့ကို အချဉ်ဖောက်ကတည်းက မသန့်ရှင်းတာမျိုး ရှိခဲ့လို့လည်း ဝမ်းလျှောဝမ်းပျက် ဖြစ်တတ်ပါတယ်။ ဒိန်ချဉ်က ဘယ်ဆိုင်ကစားစား၊ ဘယ်အချိန်စားစား ဝမ်းပျက်နေရင်တော့ လက်တို့စ်နဲ့ မတည့်တာ ဖြစ်နိုင်ပါတယ်။ သိချင်ရင်တော့ အစာအိမ်နှင့် အူလမ်းကြောင်းဆရာဝန်နဲ့ တိုင်ပင်ပြီး လက်တို့စ်နဲ့ မတည့်တာများရှိသလားဆိုတာ စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top