Healthy Life Ad
Q & A

ကျောက်ကပ်အားနည်းတာကို ဘယ်လိုသိနိုင်မလဲ . . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကျွန်တော်က မက်ဖော်မင်ဆေးသောက်သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီလိုသောက်ရင်း ကျောက်ကပ် အားနည်းတာ/ပျက်တာတို့ ရှိလာရင် မက်ဖော်မင်သောက်တာကို ရပ်ထားရမယ်လို့ သိရပါတယ်။ ကျွန်တော် သိချင်တာက ကျောက်ကပ်အားနည်းတာ/ပျက်တာ တို့ကို ဘယ်လိုသိရှိသလဲ။ ဘာလက္ခဏာ ပြတတ်ပါသလဲ။ ကြိုတင်သိရှိလို့ ရပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. ကျောက်ကပ်ထိခိုက်မှုကို အဆင့် ၅ ဆင့်ခွဲခြား ထားပါတယ်။ Stage (1)၊ (2)၊ (3)၊ (4)၊ (5) ဆိုပြီး ခွဲထားပြီး အဆင့် ၁၊ ၂၊ ၃ တွေမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ဒါကြောင့် ဆီးချိုကုသပေးနေတဲ့ ဆရာဝန်တွေကို ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို သွေးစစ်ရင်းနဲ့ပဲ သိနိုင်ပါတယ်။ လက္ခဏာပေါ်မှ ကျောက်ကပ်စစ်လို့တွေ့ရင် အဆင့် (၄)၊ အဆင့်(၅) ရောက်သွားတတ်ပါတယ်။ ဒါကြောင့် လက္ခဏာနဲ့ စောင့်ကြည့်ဖို့ မကြိုးစားဘဲနဲ့ ဆီးချိုသမားတွေက ကိုယ်ရဲ့ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကို ခြောက်လ- တစ်နှစ် စသဖြင့် ပုံမှန်စစ်ဆေး ကြည့်ရှုနေဖို့ လိုပါတယ်။ နောက်တစ်ခုက မက်ဖော်မင်ကြောင့် ကျောက်ကပ်ထိခိုက်တာ မဟုတ်ဘဲနဲ့ ကျောက်ကပ်လုပ်ငန်းဆောင်တာ ၅၀ ရာခိုင်နှုန်းအောက် လျော့ကျတဲ့သူတွေမှာ မက်ဖော်မင်မပေးရတာပါ။

Most Popular

Healthy Life Ad
To Top