Healthy Life Ad
Health Tips

ရေဓာတ်ခမ်းခြောက်နေသလား

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

တစ်ချိန်လုံး ပင်ပန်းနေသလို ခံစားရပါသလား။ ရေသောက်ပြီးတာတောင် အာခြောက်နေသလို၊ အသားအရေမာတင်းတင်းဖြစ်နေသလို ခံစားရပါသလား။ အခုလို ပူပြင်းတဲ့နွေရာသီမှာ ချွေးထွက်များနေတယ်ဆိုရင် ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့အရည်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။ ဘယ်လိုနည်းတွေနဲ့ ဖြည့်တင်းပေးမလဲဆိုတာ ကြည့်ရအောင်။

သဘာဝဆေး (၁) ဓာတ်ဆားရည်

ရေဆာရင် ရေပဲသောက်လိုက်ကြမှာ အသေအချာပါ။ အဲဒီအချိန်မှာ သတိထားဖို့က ရေအေးအေးကို ဒီအတိုင်း မော့မသောက်လိုက်ပါနဲ့။ ရိုးရိုးရေကိုပဲ ဖြည်းဖြည်းချင်း သောက်ပေးပါ။ အကောင်းဆုံးကတော့ (ရေတစ်ဖန်ခွက်နဲ့ ဖျော်ရတဲ့) ဓာတ်ဆားထုပ် ထည့်ဖျော်ရတဲ့ရေကို သောက်ပေးသင့်ပါတယ်။

သဘာဝဆေး (၂) ဆားရေ

ရေဓာတ်ခမ်းခြောက်ခြင်းအတွက် အခြေခံကုထုံးပဲ ဆိုပါစို့။ ရေကျက်အေး တစ်လီတာထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ဖျော်ပြီး ပူဒီနာ(ပူစီနံ)ရွက် အနည်းငယ်ထည့်ကာ သောက်ပေးသင့်ပါတယ်။

သဘာဝဆေး (၃) သစ်သီးဖျော်ရည်

ရေဓာတ်ခမ်းခြောက်နေတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုတက်ဆီယမ်အများကြီး ဆုံးရှုံးသွားတတ်တာကြောင့် ငှက်ပျောသီးဖျော်ရည်ကို သောက်သင့်ပါတယ်။ ဒါမှမဟုတ် ဖရဲသီး၊ စတော်ဘယ်ရီသီးနဲ့ တခြားရေဓာတ်ပါတဲ့ သစ်သီးတွေကို ဖျော်ရည်ဖျော်သောက်ပါ။ သစ်သီးဖျော်ရည်ဖျော်တဲ့အခါ ဆားတတို့၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ဖျော်ကာ သောက်ပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top