Healthy Life Ad
Health Tips

နောင် ၁၀ နှစ်ကြာချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်နေမယ့် အလှအပအကျင့်ကောင်း ၁၀

အလှအပဆိုတာ မျိုးရိုးဗီဇနဲ့ချည်း ဆိုင်တာမဟုတ်ပါဘူး။ ကျွန်မတို့အမူအကျင့်ပေါ်မှာလည်း မူတည်နေပါတယ်။ တချို့က မနက်ခင်းမှာ ရေတစ်ဖန်ခွက် သောက်တဲ့အကျင့်ရှိတတ်ပြီး တချို့ကျတော့ အသားအရေထိန်းနည်းလမ်းတွေထဲက တစ်ဆင့်ကိုတောင် ကျော်မသွားတတ်ပါဘူး။ ဒီအလှအပ နည်းလမ်းတွေကို နေ့စဉ်လုပ်နေတာက အခုမသိသာပေမယ့် နောင် ၁၀ နှစ်ကြာသွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်နေမှာပါ။

alignnone size-medium wp-image-56890
ခြေထောက်ကို ဦးခေါင်းအထက် မြှင့်ပေးခြင်း

မျက်နှာကို နှာခေါင်းစည်းအုပ်ပြီး လှဲလျောင်းကာ ခြေထောက်ကိုမြှင့်ပြီး နံရံမှာမှီထားပါ။ ဒီရိုးစင်းတဲ့ နည်းလမ်းက အနာဂတ်မှာ သွေးပြန်ကြောအထုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီအနေအထားက ခြေထောက်ကနေ သွေးတွေကို တစ်ကိုယ်လုံးဆီ ရောက်စေပြီး မျက်နှာနဲ့ ဦးခေါင်းဆီ သွေးစီးဆင်းမှု အားကောင်းကာ နုပျိုစေတာပါ။ သွေးပြန်ကြောတွေကို အနားရစေပြီး စိတ်ချမ်းသာစေပါတယ်။

alignnone size-medium wp-image-56891
တစ်နှစ်လုံး နေကာခရင်မ်လိမ်းခြင်း

ရာသီမရွေး အရေပြားမှာ နေကာခရင်မ်လိမ်းတာက တကယ်အသုံးကျတဲ့ အကျင့်ပါ။ ဆောင်းတွင်းမှာတောင် အရေပြားမှာ နေဒဏ်သက်ရောက်မှုရှိနိုင်ပါတယ်။ နေကာခရင်မ်ကို တစ်နှစ်ပတ်လုံး လိမ်းတဲ့သူတွေက မလိမ်းသူတွေထက် အသက်ကြီးချိန်မှာ ပိုတောက်ပနိုင်ခြေ ၂၄ ရာခိုင်နှုန်း ပိုများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါ့အပြင် နေကာမျက်မှန်ကို နေပူဒဏ်များတဲ့ ဆောင်းတွင်းမှာတောင် တပ်ဆင်ဖို့ ပြောလေ့ရှိကြပါတယ်။

alignnone size-medium wp-image-56893
လည်ပင်းအရေပြားကို ဂရုစိုက်ခြင်း

လည်ပင်းအရေပြားက မျက်ခမ်းအရေပြားလိုပဲ ပါးလျပြီး ဂရုစိုက်ရမယ့်အရာပါ။ ဒီအရေပြားနေရာက အိုမင်းမှုပထမဆုံး လက္ခဏာတွေကို ဖော်ညွှန်းပြနေပါတယ်။ လည်ပင်းအရေပြားကို အစိုဓာတ်ထိန်းဖို့ အရေးကြီးပါတယ်။

alignnone size-medium wp-image-56894
ချောမွေ့သော ခေါင်းအုံးစွပ်ဖြင့် အိပ်စက်ခြင်း

နိုးလာတဲ့အခါ လန်းဆန်းတောက်ပတဲ့ မျက်နှာနဲ့ နိုးထလာပါသလား။ ဒီလိုဖြစ်ရတာက အိပ်ရေးဝတာအပြင် တစ်ညလုံးအိပ်စက်တဲ့ ခေါင်းအုံးစွပ်က ချောမွေ့နေတာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ပိုးသားခေါင်းအုံးစွပ်နဲ့ အိပ်စက်တာကြောင့် အသားအရေမှာ ပွတ်တိုက်မှုနည်းပြီး မျက်နှာနဲ့ဆံပင်တွေ လန်းဆန်းရတာပါ။

alignnone size-medium wp-image-56895
ရေတစ်ဘူး အမြဲဆောင်ခြင်း

ရေကို နေ့တိုင်းသောက်တာက ခန္ဓာကိုယ်ကို အကျိုးပြုနိုင်ခြေ များပါတယ်။ ပထမဆုံးအနေနဲ့ ရေသောက်တာကြောင့် ရေငတ်ပြေစေပြီး အသားအရေကိုလည်း စိုပြည်စေပါတယ်။

alignnone size-medium wp-image-56896
ကျပ်လွန်းသည့် ခေါင်းစည်းကြိုး ရှောင်ခြင်း

ခေါင်းစည်းကြိုးစည်းတဲ့အခါ ကျပ်လွန်းတာကိုရှောင်ပြီး အနေတော် ခေါင်းစည်းကြိုးနဲ့ပဲ စည်းသင့်ပါတယ်။ ခေါင်းစည်းကြိုးကျပ်လွန်းရင် ဆံပင်သားရဲ့ တည်ဆောက်မှုပုံစံကို ထိခိုက်စေပြီး ကျိုးပြတ်မှုဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-56897
၂/၃၀ စည်းမျဉ်းကို လိုက်နာခြင်း

တီဗီကို တစ်နေ့ ၂ နာရီထက် ပိုကြာကြာကြည့်တဲ့ လူတွေက အချိုစာနဲ့ အဆီများတဲ့အစာတွေကို မကြာခဏ ပိုစားဖြစ်တတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်နေ့မှာ တီဗီကြည့်ချိန်ကို ၂ နာရီလို့ ကန့်သတ်ပြီး မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ချိန် သတ်မှတ်ရပါမယ်။ ဒီအကျင့်က ကိုယ်အလေးချိန် မြင့်တက်မှုမဖြစ်အောင် ရှောင်လွှဲနိုင်ပြီး ပျော်ရွှင်တဲ့ ဝါသနာတွေကို ပိုလုပ်ဆောင်ဖြစ်ပါတယ်။

alignnone size-medium wp-image-56898
သွားကြားပွတ်ကြိုးသုံးခြင်း၊ ပလုတ်ကျင်းခြင်း

တစ်နေ့နှစ်ကြိမ် သွားတိုက်သင့်တယ်လို့ ကျောင်းတုန်းက သင်ဖူးတယ်မဟုတ်လား။ တစ်နေ့နှစ်ကြိမ် သွားတိုက်ရုံသာမက သွားကြားပွတ်ကြိုးသုံးတာကြောင့် သွားနဲ့ခံတွင်း သန့်စင်စေပါတယ်။

alignnone size-medium wp-image-56899
ဖုန်းကို မျက်စိနှင့် တတန်းတည်းထားပြီး သုံးခြင်း

အသက် ၄၀ အောက်အရွယ်မှာ မေးစေ့တွဲကျတာနဲ့ လည်ပင်းအရေးကြောင်းထင်တာတွေ အဖြစ်များလာပါတယ်။ ဒါက ဖုန်းကြည့်တဲ့အနေအထား မှားနေလို့ပါ။ ဖုန်းကို ငုံ့မကြည့်ဘဲ မျက်စိနဲ့ တတန်းတည်းထားပြီး ကြည့်သင့်ပါတယ်။ ဖုန်းသုံးချိန်ကိုလည်း လျှော့ချရပါမယ်။

alignnone size-medium wp-image-56900
ဖုန်းကို ဟန်းဆက်ဖြင့်ပြောခြင်း

စမတ်ဖုန်းကို နားကြပ်နဲ့သုံးတာက မျက်နှာအသားအရေကို ချောမွေ့စေပါတယ်။ အကြောင်းကတော့ ဖုန်းကို ပါးမှာအပ်ပြီး သုံးရင် ဘက်တီးရီးယား ကူးစက်နိုင်ခြေ များလို့ပါ။

Most Popular

Healthy Life Ad
To Top