Healthy Life Ad
Q & A

၀မ်းမှန်မှန်သွားအောင် ဝမ်းချူဘူးသုံးရင်

—————-၊ ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—————–

Q. ဝမ်းမှန်မှန်သွားအောင် မြန်မာဆေး၊ အင်္ဂလိပ်ဆေးတွေသောက်တာ၊ ဝမ်းချူဘူးသုံးတာကရော ဘာဖြစ်တတ်ပါသလဲ ဆရာ။
LaiLai(FB)

A. မြန်မာဆေးတွေ၊ အင်္ဂလိပ်ဆေးတွေကို နှစ်နဲ့ချီပြီး စားလာတဲ့အခါ အူတွေက သူ့အလိုလို မညှစ်တော့ပါဘူး။ ဝမ်းသွားဖို့ ဆေးကိုပဲ မှီခိုတဲ့အနေအထား ဖြစ်သွားပါတယ်။ ဝမ်းချူတာကလည်း ဒီသဘောပါပဲ။ အသက်ကြီးသူတွေ ဝမ်းချူတာထက် အသက်ငယ်ငယ်ရွယ်ရွယ်အချိန်မှာ ဝမ်းချူတဲ့အကျင့်ဖြစ်သွားရင် ပုံမှန်အတိုင်း အူလှုပ်ရှားမှု မရှိတော့ဘဲ ဝမ်းချူမှပဲ ဝမ်းသွားသလို ဖြစ်သွားပါတယ်။ သဘာဝအတိုင်း ဝမ်းသွားတာကပဲ ကောင်းပါတယ်။ ဒီလိုအကျင့်တွေရှိရင် အူက အလိုလိုမညှစ်တော့တဲ့အတွက် ဒါတွေကို တစ်သက်လုံး မှီခိုရသလို ဖြစ်သွားတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top